တောင်ကိုရီးယား ဒရာမာများစွာမှာ ကလေးသရုပ်ဆောင်အဖြစ် စတင်မြင်တွေ့ခဲ့ရတဲ့ မင်းသမီး ကင်ဘိုရာဟာ မေလ ၁၀ ရက်မှာ သူရဲ့ခင်ပွန်းဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဂျိုဘာရွန်နဲ့ ကွာရှင်းပြတ်စဲခဲ့တယ်လို့ သူရဲ့အေဂျင်စီ Noon Company က ပြောပါတယ်။
Noon Company ကိုယ်စားလှယ်တစ်ဦးရဲ့ပြောကြားချက်အရ “အချိန်အကြာကြီး စဉ်းစားပြီးတဲ့နောက်၊ ကင်ဘိုရာနဲ့ ဂျိုဘာရွန် တို့ဟာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်” လို့ ဆိုပါတယ်။
ကင်ဘိုရာနဲ့ ဂျိုဘာရွန်ဟာ ၂၀၂၁ ရုပ်ရှင် ‘Ghost Mansion’ မှာ မင်းသမီးနဲ့ ဒါရိုက်တာအဖြစ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၃ နှစ်ကြာတွဲပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ဇွန်လကမှ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်သက် ၁ နှစ်အကြာမှာတော့ အခုလိုမျိုး ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။
ကင်ဘိုရာ ဟာ ၂၀၀၅ ခုနှစ်ကစ ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ‘Sky Castle’, ‘Like Flowers in Sand’ ‘Who are you’ နဲ့ ‘Black Out’ ဒရာမာတွေနဲ့ လူသိများပါတယ်။
Source : newsceleb.cafex.biz