ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိခန့်အပ်လိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိယာယီနည်းပြ ဒါရင်းဖလက်ချာကို ရာထူးမှပြန်လည်ဖယ်ရှားပြီးနောက် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အိုလီဂန်နာဆိုးလ်ရှားကို လျစ်လျူရှုကာ အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တရားဝင်ခန့်အပ်ခဲ့ပါတယ်။
နည်းပြသစ်အဖြစ် အာဘီလိုအာ တာဝန်ယူမယ်လို့ အတည်ပြုကြေညာလိုက်တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး ဇာဘီအလွန်ဆိုနဲ့လမ်းခွဲကာ အာဘီလိုအာကို နည်းပြသစ်အဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
အာမိုရင်ရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ဒေါ်ဂူ
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ပက်ထရစ်ဒေါ်ဂူက အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ရူဘင်အာမိုရင်ရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
စပိန်စူပါဖလားဗိုလ်လုပွဲမှာ အမ်ဘာပေကို စွန့်စားပွဲထုတ်မလားဆိုတာ ဆုံးဖြတ်ရမဲ့ အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် အသင်းနဲ့အတူ လိုက်ပါလာခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူမှာဖြစ်ကြောင်း ယူနိုက်တက်ကို ဘာစီလိုနာအသိပေး
ဘာစီလိုနာဟာ ယခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးမဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ထံပြန်လည်စေလွှတ်ခြင်းမရှိဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း အသိပေးမှုတွေပြုလုပ်လာခဲ့ပါတယ်။
ယူနိုက်တက်မှထုတ်ပယ်ခံလိုက်ရတဲ့ အာမိုရင်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုလာတဲ့ မော်ရင်ဟို
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ယူနိုက်တက်နည်းပြရာထူးမှ ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြရူဘင်အာမိုရင်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မှတ်ချက်ပြုပြောကြားလာခဲ့ပါတယ်။
အာမိုရင်ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်မိကြောင်းပြောကြားလာတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တနင်္လာနေ့က အသင်းရဲ့နည်းပြ ရူဘင်အာမိုရင် ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘန်အာမိုရင် ရာထူးမှ ထုတ်ပယ်ခံရပြီး ဒါရင်ဖလက်ချာ ယာယီတာဝန်ယူမည်
မန်ချက်စတာယူနိုက်တက်အသင်းသည် နည်းပြ ရူဘန်အာမိုရင် (Ruben Amorim) ကို ၁၄ လကြာ တာဝန်ပေးအပ်ပြီးနောက် အိုးလ်ထရက်ဖို့ဒ်တွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
ချဲလ်ဆီးနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ဂရုမစိုက်ကြောင်းပြောကြားလာတဲ့ ရိုဆင်နီယာ
ချဲလ်ဆီးနဲ့လမ်းခွဲလိုက်တဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတင်းတွေထွက်ပေါ်နေတဲ့ စထရာဘော့နည်းပြ လီယမ်ရိုဆင်နီယာက သူ့အနေနဲ့ အဆိုပါကောလာဟလတွေကို ဂရုမစိုက်ကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။
ဘုန်းမောက်ကို အနိုင်ယူခြင်းက အာဆင်နယ်အသင်း တိုးတက်လာတာကို ပြသနေတယ်လို့ အာတီတာပြောကြား
အာဆင်နယ်နည်းပြ မီကယ်လ်အာတီတာက ဘုန်းမောက်နဲ့ပွဲမှာ အစောပိုင်းဂိုး ပေးလိုက်ရပေမဲ့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ (၂၂) နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ “တိုးတက်မှု” လက္ခဏာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

