မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် တော့တင်ဟမ် စပါး အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမဲရိုး ကို ခေါ်ယူဖို့ အကြီးအကျယ် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအာဂျင်တီးနား လက်ရွေးစင် နောက်ခံလူဟာ အိုးလ်ထရက်ဖို့ဒ် ရဲ့ အဓိက ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပေမဲ့ စပါး ဘက်ကတော့ လာမဲ့နွေရာသီမှာ သူတို့ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးကို လက်လွတ်မခံဘဲ ထိန်းသိမ်းသွားဖို့ ရှိနေပါတယ်။
အာဂျင်တီးနား သတင်းထောက် ဂက်စတွန် အီဒူးလ် ရဲ့ အဆိုအရ မန်ယူ ဟာ ခရစ္စတီယန် ရိုမဲရိုး ကို ခံစစ်အတွက် ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
နီရဲသော မာရ်နတ်များ ဟာ ခံစစ်ပိုင်းမှာ ပိုပြီးတည်ငြိမ်မှုရှိစေဖို့ ရှာဖွေနေတာဖြစ်ပြီး ဒီအာဂျင်တီးနား နောက်ခံလူဟာ သူတို့အသင်းအတွက် အကောင်းဆုံး ဖြည့်တင်းမှု ဖြစ်လာလိမ့်မယ်လို့ ယူဆနေပါတယ်။ ခရစ္စတီယန် ရိုမဲရိုး ဟာ အာတလန်တာ အသင်းကနေ ရောက်ရှိလာကတည်းက ပရီးမီးယားလိဂ် ရဲ့ စိတ်အချရဆုံး ဗဟိုနောက်ခံလူတွေထဲကတစ်ဦးအဖြစ် ခြေစွမ်းပြသနေတာပါ။ မန်ယူ ဟာ သူ့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒီနောက်ခံလူကို ခေါ်ယူဖို့ အလေးအနက် စဉ်းစားနေပါတယ်။
GiveMeSport ရဲ့ ဖော်ပြချက်အရ စပါး ဟာ အသင်းကို ရောက်ရှိလာကတည်းက အဓိက အစိတ်အပိုင်း ဖြစ်လာခဲ့တဲ့ ခရစ္စတီယန် ရိုမဲရိုး ကို လက်လွတ်မခံချင်ဘဲ ဖြစ်နေပါတယ်။ သူ့ရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ ခံစစ်မှာ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့ ပုံစံတွေကြောင့် အသင်းရဲ့ဩဇာအရှိဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။ လီလီဝှိုက် တို့ကတော့ ခရစ္စတီယန် ရိုမဲရိုး ကို သူတို့ရဲ့ ရေရှည်စီမံကိန်းမှာ အဓိက အစိတ်အပိုင်းအဖြစ် ရှုမြင်ထားပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းဆီ ရောင်းချဖို့ စဉ်းစားရမှာဖြစ်လို့ စပါး ဘက်က ပြောင်းရွှေ့ကြေး အများအပြား တောင်းဆိုဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ ဆွေးနွေးမှုတွေက ခက်ခဲနိုင်ပါတယ်။ တစ်ဖက်မှာလည်း မန်ယူ ဟာ ခံစစ်ပိုင်းက ရေရှည်ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီနောက်ခံလူကို ထိပ်တန်း အပြောင်းအရွှေ့ ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
မန်ယူ ဘက်က စိတ်ဝင်စားရတဲ့ အချက်တစ်ချက်ကတော့ ခရစ္စတီယန် ရိုမဲရိုး ကို အာဂျင်တီးနား အသင်းဖော် လူးဝစ် ပတ်ထရစ် မာတီနက်ဇ် (လီဆန်ဒရို မာတီနက်ဇ်) နဲ့ တွဲဖက်ပေးချင်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒီနောက်ခံလူနှစ်ဦးဟာ နိုင်ငံတကာပွဲတွေမှာ အတူတူ အောင်မြင်မှုတွေ ရရှိခဲ့ဖူးပြီးသားဖြစ်လို့ အချင်းချင်း နားလည်မှု အပြည့်ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်း မန်ယူ ရဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာရရှိမှုဟာ အသင်းလူစာရင်း ရွေးချယ်မှုနဲ့ ခြေစွမ်းတည်ငြိမ်မှုကို ခဏခဏ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ ခရစ္စတီယန် ရိုမဲရိုး ရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးတွေဟာ အသင်းကို အင်အားတောင့်တင်းလာစေမဲ့ အရာတွေအဖြစ် ရှုမြင်ခံနေရပါတယ်။
ဒါပေမဲ့ မန်ယူ တစ်သင်းတည်းတင် ခရစ္စတီယန် ရိုမဲရိုး ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ စပိန်ထိပ်သီးကလပ် ဘာစီလိုနာ အသင်းကလည်း ဒီနောက်ခံလူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Source : https://www.goal.com/




