Selena Gomez နဲ့ Demi Lovato တို့ ၁၀ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြန်လည်ဆုံတွေ့

Selena Gomez နှင့် Demi Lovato ဆုံတွေ့မှု

Disney Channel မင်းသမီးဟောင်းတွေဖြစ်တဲ့ Selena Gomez နဲ့ Demi Lovato တို့ဟာ ၁၀ နှစ်နီးပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ Lovato ရဲ့ နယ်လှည့်ဖျော်ဖြေပွဲမှာ အခုလို ပြန်ဆုံခဲ့ကြတာဖြစ်ပြီး Selena ကတော့ “မျက်ရည်တောင် ဝဲမိတယ်” လို့ ရေးသားခဲ့ပါတယ်။

Lovato ရဲ့ “It’s Not That Deep” အယ်လ်ဘမ် နယ်လှည့်ဖျော်ဖြေပွဲ ပထမဆုံးညဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုပွဲစဉ်မှာ သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး အတူတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Selena က သူမရဲ့ Instagram Story မှာ Lovato စင်ပေါ်တက်ဖို့ ပြင်ဆင်နေတဲ့ပုံကို တင်ခဲ့ပြီး “ကျွန်မ မျက်ရည်တောင် ကျမိတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲဟာ သူမမြင်ဖူးသမျှထဲမှာ အကောင်းဆုံးဖျော်ဖြေပွဲတွေထဲက တစ်ခုဖြစ်ပြီး Lovato ရဲ့ အဆိုအစွမ်းက တကယ့်ကို အံ့မခန်းပဲလို့လည်း ချီးကျူးခဲ့ပါသေးတယ်။

နောက်ထပ်တင်ထားတဲ့ ပုံတစ်ပုံမှာတော့ Selena က Lovato ကို ဖက်ထားတဲ့ပုံကို အသည်းပုံ Emoji လေးနဲ့ တင်ခဲ့သလို “It’s Not That Deep” အင်္ကျီကို ဝတ်ပြီး ကနေတဲ့ ဗီဒီယိုကိုလည်း မျှဝေခဲ့ပါတယ်။ Lovato ကလည်း Selena ရဲ့ ပို့စ်ကို ပြန်လည်မျှဝေရင်း “လာပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။ တွေ့ရတာ အရမ်းဝမ်းသာတယ်” လို့ ရေးသားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် InStyle ပွဲပြီးကတည်းက လူမြင်ကွင်းမှာ အတူတူမတွေ့ရတော့တာပါ။ Selena နဲ့ Lovato တို့ဟာ ငယ်ငယ်က “Barney & Friends” အစီအစဉ်မှာ စတင်ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ Disney Channel ရဲ့ “Wizards of Waverly Place” နဲ့ “Camp Rock” တို့ကနေတစ်ဆင့် နာမည်ကျော်လာခဲ့ကြတာ ဖြစ်ပါတယ်။

Lovato က “Baby, This is Keke Palmer” ပေါ့တ်ကတ်စ်မှာ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်အကြောင်း ပြောပြခဲ့ဖူးသလို Selena နဲ့ Benny Blanco တို့ရဲ့ စေ့စပ်ပွဲအတွက်လည်း ဝမ်းသာပီတိဖြစ်ရကြောင်း ဆုတောင်းပေးခဲ့ပါသေးတယ်။

2008 မှာ အတူဆုံတွေ့ခဲ့စဉ်

Source : https://ew.com/

Leave a Reply

Your email address will not be published. Required fields are marked *