မော်ရင်ညိုသာ ပေါ်တူဂီနည်းပြဖြစ်လာရင် ၂၀၃၀ ကမ္ဘာ့ဖလားအထိ ရော်နယ်ဒို ဆက်ကစားနိုင်ကြောင်း မန်းဒက်စ် ပြောကြား

ရော်နယ်ဒိုနှင့် ၂၀၃၀ ကမ္ဘာ့ဖလား

မော်ရင်ညိုသာ ပေါ်တူဂီနည်းပြဖြစ်လာရင် ရော်နယ်ဒိုအနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်တယ်လို့ မန်းဒက်စ်က ပြောလိုက်ပါတယ်။ တော့တင်ဟမ်နဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူဟောင်း ပက်ဒရို မန်းဒက်စ်က ပေါ်တူဂီအသင်းနဲ့အတူ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အနာဂတ်အကြောင်း ပြောပြခဲ့တာပါ။

မကြာသေးခင်ကမှ အသက် ၄၁ နှစ် ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ အခုလာမဲ့ နွေရာသီပြိုင်ပွဲက သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်မယ်လို့ အရိပ်အယောင်တွေ ရှိနေတာကြောင့် ၂၀၃၀ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ အခွင့်အရေးကို မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း ရော်နယ်ဒိုရဲ့ နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုဟာ ဘင်ဖီကာအသင်းနဲ့အတူ ရလဒ်ကောင်းတွေရနေပေမဲ့ အသင်းမှာမပျော်မရွှင်ဖြစ်နေပြီး ရာသီကုန်မှာ ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Thunderpick နဲ့ စကားပြောဆိုရာမှာတော့ ဟိုဆေး မော်ရင်ညိုသာ အခွင့်အရေးရမယ်ဆိုရင် အသက် ၄၅ နှစ်အရွယ်အထိ ၂၀၃၀ ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ဆက်ကစားနိုင်တယ်လို့ မန်းဒက်စ်က ဖွင့်ဟခဲ့ပါတယ်။

ဟိုဆေး မော်ရင်ညိုသာ အလုပ်ရခဲ့ရင် ခရစ္စတီယာနို ရော်နယ်ဒို ပေါ်တူဂီအတွက် ဆက်ကစားမလား? ဆက်ကစားချင်၊ မကစားချင်က ခရစ္စတီယာနိုအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ လက်ရွေးစင်အသင်းအတွက် ဆက်ကစားမှာလား၊ မကစားဘူးလားဆိုတာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ သူ့မှာ ရှိပါတယ်။ ဒါပေမဲ့ လက်ရွေးစင်အသင်းက နည်းပြနဲ့ ကစားသမား ဆက်ဆံရေးဟာ ကလပ်အသင်းက ဆက်ဆံရေးနဲ့ လုံးဝ ကွဲပြားပါတယ်။ နေ့စဉ် အတူတူ အလုပ်လုပ်ရတာမျိုး မဟုတ်သလို အပတ်တိုင်း ပွဲစဉ်တွေအတွက် ဖိအားတွေလည်း ရှိမနေပါဘူး။ ဒါကြောင့် စောင့်ကြည့်ရဦးမှာပါ။ အခုက ပြောဖို့ အနည်းငယ် စောပါသေးတယ်။ ဒါပေမဲ့ သူတို့က အဆင်ပြေကြပါတယ်။ သိကြတဲ့အတိုင်း သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါကြောင့် မော်ရင်ညိုသာ လက်ရွေးစင်အသင်းကို ရောက်လာရင် ဘာပြဿနာမှ ရှိလာမယ်လို့ မထင်ပါဘူး။ ဘာပြဿနာမှ မြင်မတွေ့ရပါဘူး” လို့ သူက ဆိုပါတယ်။

ဟိုဆေး မော်ရင်ညိုဟာ ဘင်ဖီကာနဲ့ ၂၀၂၇ ဇွန်လအထိ (ဆိုလိုတာက နောက်ရာသီကုန်အထိ) စာချုပ်သက်တမ်း ရှိနေပါတယ်။ သူဟာ လာမဲ့နှစ်အနည်းငယ်အတွင်း အသင်းကထွက်ခွာပြီး တခြားအလုပ်တစ်ခုခု ပြောင်းလုပ်နိုင်သလို၊ ရော်နယ်ဒို အသက်အရွယ်ကို အံတုပြီး ဆက်ကစားနေဦးမဲ့ နောက်ကမ္ဘာ့ဖလား မတိုင်ခင်မှာ ပေါ်တူဂီနည်းပြ ဖြစ်လာနိုင်ပါသေးတယ်။

Source : https://www.tribalfootball.com/

xda77 ရဲ့သန်းခေါင်ယံအထူးပရိုမိုးရှင်း 100%

Leave a Reply

Your email address will not be published. Required fields are marked *