ဟိုဆေး မော်ရင်ညို ရီးရဲလ်မက်ဒရစ်

ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်နေတဲ့ နည်းပြ ဟိုဆေး မော်ရင်ညို

ဘာနေဗျူး ကွင်း သတင်းစာရှင်းလင်းပွဲမှာ ဟိုဆေး မော်ရင်ညို ရောက်ရှိလာပြီး လာလီဂါ ပွဲစဉ် (၃) မာလာဂါ နဲ့ ပွဲအနိုင်ရလဒ်အပေါ် သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အင်ဖန်တီနို နှင့် ဆီဖာရင်

အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရသင့်တယ်လို့ ဆီဖာရင် ပြောကြား

ဖီဖာ ဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနို ရဲ့ ကမ္ဘာ့ဖလား ရှယ်ယာတချို့ကို ရောင်းထုတ်ဖို့လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်ဟာ “စူပါလိဂ်ထက်တောင် ပိုဆိုးရွားတယ်” လို့ ပြောဆိုလိုက်ပြီးနောက် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ အလက်ဇန်းဒါး ဆီဖာရင် က အင်ဖန်တီနို အနေနဲ့ သူဟာ ဥရောပသားတစ်ယောက်ဆိုတာ သတိရဖို့ လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာ ပြိုင်ပွဲအားလုံးရဲ့ စီးပွားရေးနဲ့ လက်မှတ်ရောင်းချခွင့်ဆိုင်ရာ အခွင့်အရေးတွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Fifa Forward Enterprise (FFE) ကို ထူထောင်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဆီကို ၂၁ ရာခိုင်နှုန်းရောင်းချမဲ့ အင်ဖန်တီနို ရဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာရီ ကိန်း စာချုပ်သစ်

ဘာစီလိုနာ စိတ်ဝင်စားနေပေမဲ့ ဘိုင်ယန်မြူးနစ်မှာပဲ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေတဲ့ ဟာရီ ကိန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီ ကိန်း ဟာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကိုခံနေရပေမဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာပဲ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ ဘာစီလိုနာ အသင်းဘက်ကတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးအရ ဘယ်လိုစီစဉ်ရမလဲဆိုတာကို လေ့လာစုံစမ်းနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
နီကိုပက်ဇ် ရီးရဲလ်မက်ဒရစ် အပြောင်းအရွှေ့

အီတလီမှာ ခြေစွမ်းပြပြီးနောက် နီကိုပက်ဇ် ကို ပြန်ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ပြင်ဆင်နေ

ရီးရဲလ်မက်ဒရစ် အသင်းဟာ အီတလီ စီရီးအေ မှာ အထူးခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ နီကိုပက်ဇ် ကို စန်တီယာဂို ဘာနေဗျူး ကွင်းဆီ ပြန်လည်ခေါ်ယူဖို့အတွက် အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေပါပြီ။

အပြည့်အစုံဖတ်ရန်
မိုက်ကယ် ကားရစ်ကို ရွိုင်ကိန်း သံသယရှိနေဆဲ

မိုက်ကယ် ကားရစ် ကို အမြဲတမ်းနည်းပြခန့်ဖို့ ယူနိုက်တက် ပြင်ဆင်နေပေမဲ့ ရွိုင်းကိန်း ကတော့ သံသယရှိနေဆဲ

မိုက်ကယ် ကားရစ် ဟာ ယာယီနည်းပြအဖြစ် အိုးထရက်ဖို့ဒ် မှာ အထင်ကြီးစရာ စွမ်းဆောင်ပြနိုင်ခဲ့ပေမဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ထိပ်တန်းအဆင့်ဆီ ပြန်ခေါ်ဆောင်သွားနိုင်မဲ့ အသင့်တော်ဆုံးလူဖြစ်တယ်ဆိုတာကို ရွိုင်းကိန်း ကတော့ မယုံကြည်သေးပါဘူး။

အပြည့်အစုံဖတ်ရန်
ကတ်စ်မဲရိုး နှင့် ဂျေမီ ကာရေဂါ

သူ့ကို အနားယူဖို့ ပြောခဲ့တဲ့ ဂျေမီ ကာရေဂါ ရဲ့ ဝေဖန်မှုဟာ “မလေးစားရာရောက်တယ်” လို့ ကတ်စ်မဲရိုး တုံ့ပြန်

မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မဲ့ ကတ်စ်မဲရိုး က သူ့ကို ထိပ်တန်းဘောလုံးလောကကနေ အနားယူဖို့ ပြောကြားခဲ့တဲ့ ဂျေမီ ကာရေဂါ ရဲ့ မှတ်ချက်တွေဟာ “မလေးစားရာရောက်တယ်” လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟိုဆေး မော်ရင်ညို ရီးရဲလ် မက်ဒရစ်

ဘာနေဗျူး ကို တစ်ကျော့ပြန်လာတော့မဲ့ ဟိုဆေး မော်ရင်ညို၊ ရီးရဲလ် မက်ဒရစ် ရဲ့ နည်းပြသစ်ဖြစ်လာဖို့ အခြေအနေကောင်းနေ

ဟိုဆေး မော်ရင်ညို ဟာ ဘာနေဗျူး ကွင်းမှာ ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပြီး ၁၃ နှစ်အကြာမှာတော့ ရီးရဲလ် မက်ဒရစ် ရဲ့ နည်းပြသစ်ဖြစ်လာဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ် အချမ်းသာဆုံးကလပ်

လီဗာပူး နဲ့ မန်စီးတီး ကို ကျော်ဖြတ်ပြီး အင်္ဂလန် ရဲ့ အချမ်းသာဆုံးကလပ် ဖြစ်လာတော့မဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဒီရာသီ ကွင်းအတွင်းကခြေစွမ်းပြသမှုတွေကြောင့် အင်္ဂလန် ရဲ့ အချမ်းသာဆုံးကလပ် ဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ကိုဘီ မိနူး ကို မိုက်ကယ် ကာရစ် ချီးကျူး

ယူနိုက်တက် မှာ ၂၀၃၁ အထိ ဆက်ရှိနေမဲ့ ‘ကိုဘီ မိနူး’ ကို ‘မိုက်ကယ် ကာရစ်’ ချီးကျူး

မန်ချက်စတာ ယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ် က လူငယ်ကွင်းလယ်လူ ကိုဘီ မိနူး ဟာ စာချုပ်သစ် ချုပ်ဆိုပြီးနောက်မှာ အသင်းရဲ့ ပြယုဂ်တစ်ခု ဖြစ်လာတယ်လို့ ပြောလိုက်ပါတယ်။ အကယ်ဒမီထွက် ကစားသမားလေးဟာ ဒီအပတ်ထဲမှာပဲ ယူနိုက်တက် နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၃၀-၃၁ ရာသီကုန်အထိ အသင်းမှာ အနည်းဆုံး ဆက်ရှိနေတော့မှာပါ။

အပြည့်အစုံဖတ်ရန်
အီသန် ဝါနေးရီ၊ မာဆေးလ်၊ ဟာဘစ် ဘေယေ

အီသန် ဝါနေးရီ ရဲ့ ကြိုးစားအားထုတ်မှုကို မာဆေးလ် နည်းပြ ဟာဘစ် ဘေယေ လူသိရှင်ကြား ဝေဖန်သတိပေး

မာဆေးလ် အသင်းရဲ့ နည်းပြဖြစ်သူ ဟာဘစ် ဘေယေ က အာဆင်နယ် အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ လူငယ်ကြယ်ပွင့် အီသန် ဝါနေးရီ ကို နေ့စဉ်လေ့ကျင့်ခန်းတွေမှာ အခုထက်ပိုပြီး ကြိုးစားအားထုတ်မှုရှိဖို့ လူသိရှင်ကြား သတိပေးလိုက်ပါတယ်။ အော်ရင့် ဗယ်လိုဒရုန်း ကွင်းမှာ ဒဏ်ရာရကစားသမား အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့လည်း အသက် ၁၉ နှစ်အရွယ် ကစားသမားလေးဟာ နိစ် နဲ့ ပွဲမှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရပါတယ်။ ဒါဟာ နည်းပြ ဘေယေ က လေ့ကျင့်ရေးကွင်းမှာ ပိုပြီး စိတ်အားထက်သန်မှုရှိတဲ့ ကစားသမားတွေကိုပဲ ဦးစားပေးချင်နေတာကြောင့်ပါ။

အပြည့်အစုံဖတ်ရန်