လူဝစ် အင်းနရစ်နဲ့ ပီအက်စ်ဂျီတို့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီး ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ပျက်ရဖွယ်ရှိ

လူဝစ် အင်းနရစ်နဲ့ ပီအက်စ်ဂျီတို့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေ

လူဝစ် အင်းနရစ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပါပြီ။ ဒါဟာ အသက် ၅၅ နှစ်အရွယ် စပိန်လူမျိုးနည်းပြကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။

စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အင်းနရစ်ကလည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလား ရယူပေးထားသလို အခုနှစ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးထားတဲ့ ပီအက်စ်ဂျီမှာပဲ ဆက်နေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

အင်္ဂလိပ်စကားပြောတတ်တဲ့ အင်းနရစ်ဟာ အရင်က ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ စိတ်ဝင်စားခဲ့ဖူးပြီး မန်ချက်စတာယူနိုက်တက် အပါအဝင် ကလပ်အသင်းအချို့က သူ့ရဲ့အခြေအနေကို ဒီရာသီမှာ အနီးကပ် စောင့်ကြည့်နေခဲ့ကြတာပါ။

သူဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၁၅ မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သလို ပီအက်စ်ဂျီကိုလည်း ဥရောပမှာ အတက်ကြွဆုံးအသင်းတစ်သင်းဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့လို့ လက်ရှိဘောလုံးလောကမှာ ကမ်းလှမ်းမှု အများဆုံးရနေတဲ့ နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ပီအက်စ်ဂျီမှာ သူဟာ နေမာအမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့လို ဈေးကြီးပြီး နာမည်ကျော်စူပါစတားတွေအစား လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းသစ်တစ်သင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။

မက်ဆီကတော့ အင်းနရစ် မရောက်ခင်ကတည်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပေမဲ့ ဘာစီလိုနာမှာ အတူလက်တွဲခဲ့ဖူးတဲ့ အင်းနရစ်သာ ရောက်နေရင် ဆက်နေဖြစ်ကောင်း နေနိုင်ပါတယ်။ သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတစ်ခုကတော့ တစ်ခါတလေ စည်းကမ်းပိုင်း အားနည်းတတ်တဲ့ တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီကို အားသွန်ခွန်စိုက် ကစားတတ်တဲ့ ဗဟိုတိုက်စစ်မှူးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး အရွှေဘောလုံးဆု (Ballon d’Or) ရသည်အထိ လုပ်ဆောင်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်းနရစ်ဟာ ပီအက်စ်ဂျီဥက္ကဋ္ဌ နာဆာ အယ်လ်ခလိုင်ဖီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို အားကစားဒါရိုက်တာ လူးဝစ် ကမ်ပို့စ်နဲ့လည်း အလုပ်အတူတွဲလုပ်ရတာ အဆင်ပြေပါတယ်။

မျှော်လင့်ထားသလိုဆိုရင် အင်းနရစ်ဟာ ပီအက်စ်ဂျီမှာ ၂၀၂၉ အထိ ဆက်ရှိနေဖို့ ရှိပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်လည်း ပါဝင်မှာပါ။ လက်ရှိစာချုပ်က ၂၀၂၇ ဇွန်လအထိ ကျန်ရှိနေသေးပေမဲ့ နှစ်ဦးနှစ်ဖက်လုံးက အနာဂတ်အတွက် မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။

ပြီးခဲ့တဲ့လက ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူက “ကျွန်တော် ပီအက်စ်ဂျီမှာ အရမ်းပျော်ပါတယ်။ ဒီနေရာဟာ ပါရီပါပဲ” လို့ ပြောခဲ့ဖူးပါတယ်။ သူဟာ ချယ်လ်ဆီးနဲ့ တော့တင်ဟမ်တို့ရဲ့ နည်းပြစာရင်းမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၂၃ ဇူလိုင်မှာ ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ ရောက်ရှိလာတာပါ။ ယူနိုက်တက်ကလည်း သူ့ကို အရင်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ စပိန်နည်းပြဟောင်းကြီးက “ကျွန်တော့်မှာ ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုရှိတယ်၊ အဲ့ဒါက အင်္ဂလန်မှာ အလုပ်လုပ်ချင်တာပါ” လို့ ပြောခဲ့ပြီး ပရီးမီးယားလိဂ်ကို စပိန်လိဂ်ထက်တောင် ပိုစောင့်ကြည့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အင်းနရစ်ဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီးလီဗာပူးအက်စတွန်ဗီလာနဲ့ အာဆင်နယ်တို့ကို အနိုင်ယူထားတဲ့ မှတ်တမ်းကောင်းတွေ ရှိပါတယ်။ ဒီအပတ်မှာလည်း လီဗာပူးကို ထပ်မံအနိုင်ယူပြီး ပြိုင်ပွဲကနေ ထုတ်ပယ်နိုင်ခဲ့ပါတယ်။

Source : https://sports.yahoo.com/

Leave a Reply

Your email address will not be published. Required fields are marked *