ရီးရဲလ်နည်းပြ အလွန်ဆိုက တပည့်အသစ် အာနိုးလ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး အားလုံး သူနဲ့ပတ်သက်ပြီး စိတ်ရှည်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ယူနိုင်ခဲ့ပြီးနောက် အလွန်ဆိုက အာနိုးလ်ဘက်ကနေ ကာကွယ်ပြောကြားလိုက်ပါတယ်။
အင်္ဂလန်သားဟာ သူ့ရဲ့ trademark ဂိုးဖန်တီးမှုနဲ့အတူ အနိုင်ဂိုးကိုဖန်တီးပေးနိုင်ခဲ့ကာ အားလုံးအနေနဲ့ သူ့အပေါ်စိတ်ရှည်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အာနိုးလ်ဟာ ကလပ်ကမ္ဘာ့ဖလားအမီ လီဗာပူးအသင်းထံကနေ ပေါင် ၈.၅ သန်းနဲ့ ရီးရဲလ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ပွဲဦးထွက်မှာ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့ပဲ အယ်လ်ဟီလယ်ကို ၁-၁ သရေကျခဲ့တဲ့ပွဲကစွမ်းဆောင်ရည်ကို စပိန်မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ပါချူကာ ၊ ဆဲလ်ဘတ်ဂျ်စတဲ့ပွဲတွေမှာတော့ အသက် ၂၆ နှစ်သားရဲ့စွမ်းဆောင်ရည်က တိုးတက်လာခဲ့တာဖြစ်ပြီး ဂျူဗီနဲ့ပွဲမှာဆိုရင် သူ့ရဲ့ကျော်ကြားတဲ့ဖန်တီးမှုစတိုင်နဲ့ အနိုင်ဂိုးကို တိတိကျကျဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမျာ အလွန်ုဆိုက အာနိုးလ်ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး “ဂွန်ဇာလိုကို ဖန်တီးပေးလိုက်တဲ့ဂိုးက သူ့ရဲ့အားသာတဲ့အချက်ပါ။ သူက ကစားသမားဘဝအကြိမ် ၅၀၀ လောက်အထိ အဲ့တာကိုလုပ်ပြခဲ့ပါပြီ။ သူ့နေရာကို သေချာလေးကစားသလို မှန်ကန်တဲ့နေရာဆိုလည်း ဟုတ်ပါတယ်။
ညာခြမ်းမှာ ခြေထောက်အပိုလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြတ်ကျော်တာက သူ့အားသာချက်မဟုတ်လို့ပါ။ ဒါပေမဲ့ ချိတ်ဆက်ကစားမှုတွေမှာ သူက အရမ်းကောင်းပါတယ်။
ဒါပေမဲ့ အဲ့တာကိုလုပ်ဆောင်ဖို့ကလည်း သူ့အတွက် စိန်ခေါ်မှုရှိနေပါတယ်။ ရီးရဲလ်မှာက သာမန်လေ့ကျင့်ခန်းမရှိသလောက်ပါ။ ပွဲကိုတိုက်ရိုက်သွားတာပါ။ အရာအားလုံးက အချိန်ယူရပါတယ်။
ကျွန်တော်တို့ ဒီနေရာမှာ သူ့ကိုကူညီပေးဖို့လိုအပ်ပါတယ်။ အရာအားလုံးက အချိန်ယူရပါတယ်။ အဲ့တာမှလည်း အာမခံချက်ရှိမှာပါ”လို့ အလွန်ဆိုက ဖြေကြားခဲ့ပါတယ်။
မက်ဒရစ်ဟာ လာမဲ့စနေနေ့ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် ဒေါ့မွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်လင်ဟမ်အနေနဲ့ ညီဖြစ်သူပွဲပယ်ကြောင့် တွေ့ဆုံနိုင်ချေမရှိတော့တာဖြစ်ပါတယ်။
Source : pulsesports.ng