အိန်ဂျလီနာဂျိုလီဟာ ရုပ်ရှင်နဲ့ စင်မြင့်ထက်မှာ ရွှေကမ္ဘာလုံး၊ အော်စကာဆုနဲ့ တိုနီဆုတွေ ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးဖြစ်ပေမဲ့ ဒီအလုပ်ဟာ သူမရဲ့ပထမဆုံးဖြစ်ချင်တဲ့အိမ်မက်တစ်ခု မဟုတ်ခဲ့ပါဘူး။
ဒီအကြောင်းကို ကြာသပတေးနေ့ (ဒီဇင်ဘာ ၅ ရက်) က “The Tonight Show Starring Jimmy Fallon” အစီအစဉ်မှာ သူမက ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ သူမရဲ့တကယ်ဖြစ်ချင်ခဲ့တဲ့ ပထမ အလုပ်ကတော့ နာရေး အသုဘဒါရိုက်တာဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။
သူမက “ကျွန်မ အဖိုးဆုံးပါးသွားတော့ ဒီအကြောင်းကိုတွေးမိခဲ့တယ်။ ဒါဟာ ဘဝရဲ့ဂုဏ်ပြုပွဲတစ်ခုဖြစ်သင့်ပြီး သေမှာကို မကြောက်ဘဲ နေရထိုင်ရတာ အဆင်ပြေစေတယ်။ ဒါက ကျွန်မအတွက် ကောင်းမွန်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြစ်မယ်လို့ထင်ခဲ့တာ” လို့ သူမက ပြောကြားခဲ့ပါတယ်။
သူမဟာ လေယာဉ်မှူးလည်းဖြစ်ချင်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို အစီအစဉ်မှူး ဂျင်မီဖောလန်က မေးတော့ ဂျိုလီက “ဟုတ်တယ်၊ ကျွန်မက လေယာဉ်မှူးလည်း ဟုတ်ပါတယ်” လို့ ဖြေခဲ့ပါတယ်။ ဂျိုလီဟာ အပြင်လောကမှာလည်း ၂၀၀၄ ခုနှစ် ကတည်းက လေယာဉ်မှူးလိုင်စင် ရရှိထားတာဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူ မက်ဒေါ့လည်းပဲ အခုလေယာဉ်မှူးဖြစ်နေပြီလို့ သူမက ထပ်လောင်းပြောခဲ့ပါတယ်။ ဒါအပြင် ကောလဟာလတွေအရ ဂျိုလီဟာ ဟာသသရုပ်ဆောင်လည်း ဖြစ်ချင်ခဲ့သေးသလား ဆိုတာကိုတော့ သူမက လုံးဝ ငြင်းဆိုခဲ့ပါတယ်။
ဂျိုလီဟာ လက်ရှိမှာ ဂန္ထဝင်အော်ပရာအဆိုတော် “Maria Callas” ရဲ့အတ္ထုပ္ပတ္တိဇာတ်ကို သရုပ်ဆောင်ဖို့ အသံပိုင်း ဆိုင်ရာသင်ခန်းစာတွေ သင်ယူနေတယ်လို့ သိရပါတယ်။
Source : hola.com
#အိန်ဂျလီနာဂျိုလီ #နာရေးအသုဘဒါရိုက်တာ #လေယာဉ်မှူး #အတ္ထုပ္ပတ္တိ #ဂန္ထဝင်အော်ပရာအဆိုတော်