ဒေါ်နယ်ထရန့်က ပိတ်ပင်မှုများ ရုတ်သိမ်းလိုက်ပြီးနောက် TikTok အက်ပ် Apple ၊ Google store မှာ ပြန်လည်ရောက်ရှိလာ

TikTok အက်ပ် Apple ၊ Google store မှာ ပြန်လည်ရောက်ရှိလာ

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်ပိုင် ဆိုရှယ်မီဒီယာအက်ပ် TikTok အပ်က် ပိတ်ပင်မှုကို ရွှေ့ဆိုင်းလိုက်ပြီးနောက် TikTok အပ်က်ဟာ ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကစ အမေရိကန် အက်ပ်စတိုးတွေမှာ ပြန်လည်ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ထက်ဝက်နီးပါးအသုံးပြုတဲ့ နာမည်ကြီးဗီဒီယိုအတိုအက်ပ် TikTok ဟာ ဇန်နဝါရီ ၁၉ ရက်က အက်ပ်ပိုင်ရှင် ByteDance ကို အမေရိကန်က နိုင်ငံတော်လုံခြုံရေးအတွက် တားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့် ခတ္တအသုံးပြုခွင့်မရှိဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့မှာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်နယ်ထရန့်က တားမြစ်ချက်ကို ရွှေ့ဆိုင်းဖို့ အမှုဆောင်အမိန့် လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် TikTok ဟာ အမေရိကန်မှာ ယာယီဆက်လက် အသုံးပြုခွင့်ရခဲ့ပါတယ်။

ထရန့်ကြောင့် TikTok အက်ပ်ပြန်လည် လည်ပတ်ခဲ့ပေမဲ့ အမေရိကန်နိုင်ငံရဲ့ Google နဲ့ Apple မှာတော့ အပ်က်ဟာ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အခုမှ ပြန်လည်ဒေါင်းလုပ်ဒ် ရယူနိုင်တာဖြစ်ပါတယ်။


TikTok ဟာ ၂၀၂၄ ခုနှစ်အတွင်း ဒေါင်းလုဒ်သူပေါင်း ၅၂ သန်းကျော်ရှိခဲ့တယ်လို့ စျေးကွက်ထောက်လှမ်းရေး ကုမ္ပဏီ Sensor Tower အသိရပါတယ်။ ဒေါင်းလုဒ် စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းခန့်ဟာ Apple App Store မှဖြစ်ပြီး ၄၈ ရာခိုင်နှုန်းဟာ Google Play မှဖြစ်တယ်လို့ သိရပါတယ်။

Source : reuters.com

Leave a Reply

Your email address will not be published. Required fields are marked *