ကစားသမား ခေါ်ယူဖို့ အစီအစဉ် ရှိနေဆဲ ဖြစ်တဲ့ ဂန်းနားတို့နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ

နောက်ဆုံးရအာဆင်နယ်သတင်းများ xda77

နာမည်ကျော် သတင်းထောက် အော်စတိန်း ကတော့ အာဆင်နယ်အသင်းဟာ ဈေးကွက် မပိတ်မီ အရန်တောင်ပံ ကစားသမားတစ်ဦး ခေါ်ယူဖို့အလိုရှိနေပြီး ပရိသတ်တွေ တောင်းဆိုနေကြတဲ့ နီကို ဝီလီယံ ကတော့ ဖြစ်နိုင်ချေ မရှိဘူးလို့ ဆိုလိုက်ပါတယ်။

AFC Adamen ကတော့ အာဆင်နယ်အသင်းဟာ နယူးကာဆယ် တောင်ပံကစားသမား ဂေါ်ဒွန် ကို လိုချင်ပေမဲ့ ဈေးကွက် ပိတ်ခါနီးနေပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ မဖြစ်နိုင်တော့ဘူးလို့ ရေးသားလိုက်ပါတယ်။

နောက်ဆုံးရအာဆင်နယ်သတင်းများ xda77

ဂါဘရီရယ် ဂျေးဇု ဟာ သူ့ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ဆေးစစ်မှုတွေပြုလုပ်ခဲ့ရာမှာ အပေါင်းလက္ခဏာဆောင်တဲ့ အနေအထားမှာရှိနေခဲ့ပြီး ကာလရှည်ကြာထပ်မံအနားယူရဖို့တော့ မရှိဘူးလို့သိရပါတယ်။

အန်ကီးတီးယား အတွက် အာဆင်နယ် နှင့် နော်တင်ဟမ်ဖောရက်စ်တို့ဟာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အန်ကီးတီးယား ကတော့ အာဆင်နယ် ကနေ ထွက်ခွာဖို့ ရှိနေဆဲ ဖြစ်ပြီး ပဲလေစ့် အသင်းနဲ့ ဆွေးနွေး ပြောဆိုနေပါတယ်။ အန်ကီးတီးယား ဟာ သူ့ကို ပွဲထွက်ခွင့် အာမခံချက်ပေးနိုင်တဲ့ အသင်းကို ပြောင်းချင်နေတာပါ။

နောက်ဆုံးရအာဆင်နယ်သတင်းများ xda77

ပဲလေစ့်အသင်း ဟာ အန်ကီးတီးယား ကို အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပေါင် ၂၅ သန်း နဲ့ ဝယ်ယူဖို့ အသင့် ရှိနေပါတယ်။

အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် ကို အပြီးသတ်ခေါ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းလာမဲ့အသင်းတွေအတွက် လမ်းဖွင့်ထားပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ရမ်စ်ဒေးလ် အတွက်အငှားကြေးအပြင် လစာပမာဏ အတော်များများကို ပေးချေနိုင်မဲ့ အသင်းမျိုး အလိုရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရအာဆင်နယ်သတင်းများ xda77

Source : arsenal.com

#xda77 #xda77digital

Leave a Reply

Your email address will not be published. Required fields are marked *