ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပေမဲ့ အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကိုအိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ဝေဝါးလာခဲ့ပြီဖြစ်ကာ လီဗာပူးအသင်းက မန်စီးတီးကိုအနိုင်ရခဲ့တာကြောင့် ၁၁ မှတ်အထိကွာဟခဲ့ပြီဖြစ်ပါတယ်။ ရမှတ်ကွာဟမှုများပြားပေမဲ့လည်း အာတီတာက ချန်ပီယံဆုအတွက် လက်မလျှော့သေးဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။


“ချန်ပီယံဆုအတွက် လက်မလျှော့သေးပါဘူး။ ကျွန်တော် အိမ်မပြန်သေးသမျှ သင်္ချာနည်းအရ ဖြစ်နိုင်ချေရှိနေပါသေးတယ်။ ခင်ဗျား အဲ့နေရာရှိနေပြီး ပွဲတိုင်းနီးပါးကို ကစားရပါဦးမယ်။ လွန်ခဲ့တဲ့ ၃ ရက်တုန်းက ကျွန်တော်တို့ နီးစပ်ခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ပွဲတစ်ဝက်လောက်ကွာဟနေတာနဲ့ တူနေပါတယ်။ အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ခင်ဗျားဆက်သွားရပါမယ်။
လွန်ခဲ့တဲ့ ၃ ရက်တုန်းကထက် ခက်ခဲမှုက မြင့်လာပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ခင်ဗျားအနေနဲ့ တစ်ခုခုထူးခြားတာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် ခင်ဗျားအနေနဲ့ သမိုင်းမှာဘယ်သူမှမလုပ်ပြတာမျိုး လုပ်ပြနိုင်ဖို့လိုအပ်ပါတယ်။ အခုအပတ်ကတော့ အရမ်းကို စိတ်ပျက်စရာပါ။ လွန်ခဲ့တဲ့ ၁၅ ပွဲမှာ ကျွန်တော်တို့ ၁ဝ ပွဲနိုင်ပြီး ၅ ပွဲသရေကန်ထား နိုင်ခဲ့ပါတယ်။


လီဗာပူးနဲ့အတူတူပါပဲ။ ဂိုးပဲကွာခြားတာပါ။ ဒါကြောင့် ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ လအတွင်း အရာအားလုံးတည်တည်ငြိမ်ငြိမ်လုပ်ခဲ့တာပါ။ ကျွန်တော်တို့ အခုအရှိန်အဟုန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခုအပတ်ကို အနိုင်ကန်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ အရေးနိမ့်ခဲ့ပါတယ်။ ထိပ်ဆုံးက လီဗာပူးကတော့ အနိုင်ရရှိခဲ့ပါတယ်။


ခင်ဗျားအရှိန်အဟုန်ကို ရိုက်ချိုးခံလိုက်ရချိန်မှာ ကျွန်တော်တို့ကို ဆိုးဝါးတဲ့အခြေအနေကို တွန်းပို့လိုက်သလိုဖြစ်စေပါတယ်။ အဲ့တာက လက်ခံဖို့ခက်ခဲပါတယ်။ အရှိတရားကတော့ ကျွန်တော်တို့ ပွဲတွေအများကြီးကန်ရပါဦးမယ်။ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာဦးမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : espn.com

Leave a Reply

Your email address will not be published. Required fields are marked *