ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်တဲ့ မော်ရင်ဟို
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အစ္စရေးပါဝင်ရေးကို ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေဘက်ကလည်း ဂါဇာကို ကျူးကျော်ခဲ့တဲ့ အစ္စရေးကို လာမဲ့အပတ်ထဲမှာ မဲပေးထုတ်ပယ်ဖို့ ပြင်ဆင်နေပါတယ်။ ဖီဖာဘက်က ယူအီးအက်ဖ်အေရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမလားဆိုတာ မသိရသေးပေမဲ့ အမေရိကန်ဘက်ကတော့ အစ္စရေးကို ဘယ်လိုနည်းနဲ့မဆို ပိတ်ပင်သွားမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျီရော့ဒ်က ပြင်သစ်အသင်းဖော်ဟောင်းတစ်နေ့မှာ ဘော်လွန်းဒီအော်ဆုရမယ်ဆိုတာကို ဘယ်တုန်းကမှစိတ်ကူးမယဉ်မိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပြီးနောက် အဆိုပါဆုရရှိခဲ့တဲ့အဓိကအကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။ ပီအက်စ်ဂျီစတား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး ၃၅ ဂိုး နဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် တနင်္လာညတုန်းက ဘော်လွန်းဒီအော်ဆုရယူနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းက လေဗာကူဆင်အသင်းနဲ့ ပေါင် ၁၁၆ သန်းတန်ကြေးရှိတဲ့ သဘောတူညီမှုကို မလုပ်နိုင်ခင် ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ အားကောင်းနေခဲ့ပါတယ်။ ဝါ့ဇ်ဟာ လေဗာကူဆင်အသင်းမှာ သူ့ရဲ့နောက်ဆုံး ၂ ရာသီအတွင်း ၂၁ ဂိုးသွင်းယူပေးခဲ့ပြီး ၂၅ ဂိုးဖန်တီးပေးခဲ့လို့ ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီအစမှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းပြသခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်မရိတ်စ်ကွင်းမှာ ပွဲအစ ၉ မိနစ်အကြာမှာပဲ လိဂ်ဂိုး ၆ ဂိုးမြောက်ကို သွင်းယူပြီး ဆက်လက်ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေတိုက်စစ်မှူးဟာ ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ချေပဂိုးပေးခဲ့ရလို့ အာဆင်နယ်အသင်းနဲ့ ၁-၁ ဂိုး သရေရလဒ်ရရှိခဲ့ချိန်မှာ ပွဲကြည့်စင်ကနေ ကြည့်ရှုနေခဲ့ရပါတယ်။
ပထမဆုံးအကြိမ် ဘော်လွန်းဒီအောဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းက လာမိုင်း ယာမားလ်ကို ကျော်ဖြတ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ မယုံနိုင်စရာ ၁၂ လတာကာလ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ဂုဏ်သိက္ခာရှိတဲ့ ဘော်လွန်းဒီအောဆုကို ရရှိသွားခဲ့ပါတယ်။
ယခု ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးရရှိပြီးနောက် မန်ချက်စတာစီးတီးဂိုးသမားသစ် ဒွန်နာရမ်မာက အသင်းဟောင်းပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင်တောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကိုကျော်ဖြတ်ပြီး ၂၀၂၅ ခုနှစ် ဘောလွန်းဒီအော်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဆုပေးပွဲကို တနင်္လာနေ့ညက ပဲရစ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီး ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို ဆွတ်ခူးအောင်မြင်ခဲ့တာကြောင့် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့အနိုင်ရပြီးနောက် ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်သမိုင်းကြောင်းမှာပါဝင်ဖို့ ထိုက်တန်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ယူနိုက်တက်အသင်းရဲ့နိုင်ပွဲကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။