admin

တော့တင်ဟမ်က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့တယ်လို့ မာကွင်ဟိုစ် ပြော

တော့တင်ဟမ်က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့တယ်လို့ပြောကြားလိုက်တဲ့ မာကွင်ဟိုစ်

ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူဗိုလ်လုစွဲပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးလာခဲ့ပြီး တော့တင်ဟမ်က အသင်းကိုလျှော့တွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
တော့တင်ဟမ်ကစားသမားတွေကို ဂုဏ်ပြုလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

အထူးစစ်ဆင်ရေးကျရှုံးခဲ့ပေမဲ့ တော့တင်ဟမ်ကစားသမားတွေကို ဂုဏ်ပြုလိုက်တဲ့ သောမတ်စ် ဖရန့်ခ်

ပီအက်စ်ဂျီကို နှစ်ဂိုးတိတိဦးဆောင်နိုင်ခဲ့ပြီးမှ ပယ်နယ်တီဖြင့်အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အပြီး သောမတ်စ်ဖရန့်ခ်က သူ့ရဲ့အထူးစစ်ဆင်ရေးကျရှုံးမှုကို အသိအမှတ်ပြုခဲ့ပေမဲ့ တော့တင်ဟမ်အသင်းကစားသမားတွေကို ချီးကျူးဂုဏ်ပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
'ဂါနာချို'ရဲ့အပြောင်းအရွှေ့

‘ဂါနာချို’ရဲ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနဲ့ယူနိုက်တက်တို့အကြား သဘောတူညီမှုရရှိဖို့ ခက်ခဲနေ

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့အပြောင်းအရွှေ့အတွက် ယခုချိန်အထိ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေရဆဲဖြစ်ပြီး သဘောတူညီမှုရရှိဖို့ ခက်ခက်ခဲနေဆဲဖြစ်တယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ဘာကြောင့် ကျရှုံးသွားခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွါရီ

ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပြီး ယူနိုက်တက်ဘာကြောင့် ကျရှုံးသွားခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက အသင်းဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ဘာကြောင့် အောင်မြင်မှုကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ကျရှုံးသွားရသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရက်ကလစ်ဖ်ကိုဆန္ဒပြမဲ့အစီအစဉ်

‘ရက်ကလစ်ဖ်’ကိုဆန္ဒပြမဲ့အစီအစဉ်အား ယူနိုက်တက်ပရိသတ်များရွှေ့ဆိုင်း

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင့် ဆန္ဒပြပွဲကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ကို လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဘာစီလိုနာဥက္ကဋ္ဌဝန်ခံ

ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်မှ အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမားသစ် မားကပ်စ်ရက်ရှ်ဖို့ဒ်အတွက် မာယော့ကာနဲ့ယှဉ်ပြိုင်သွားရမဲ့ လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပဲလေ့စ်ကို ကယ်တင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူတဲ့ ဟန်ဒါဆန်

ပင်နယ်တီအဆုံးအဖြတ်မှာ ပဲလေ့စ်ကို ကယ်တင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူကြောင်းပြောကြားလာတဲ့ ဟန်ဒါဆန်

ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်က လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အသင်းအတွက် ပင်နယ်တီ ၂ လုံးအထိ ကာကွယ်ပေးနိုင်ခဲ့ပြီးနောက် အခုလို အဓိကအခန်းကဏ္ဍကနေ အသင်းကိုကယ်တင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမား ၅ ဦးအထိရောင်းချနိုင်ဖို့လိုအပ်နေတဲ့ မန်စီးတီး

အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီ ကစားသမား ၅ ဦးအထိရောင်းချနိုင်ဖို့လိုအပ်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအအတွင်း ဈေးကွက်မပိတ်သိမ်းမီ အသင်းမှ ကစားသမား ၅ ဦးအထိ ရောင်းချသွားဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျုဒ် ဘယ်လင်ဟမ်ကို ချီးကျူးလိုက်တဲ့ ပက်ဒရီ

ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်မှ ‘ဂျုဒ် ဘယ်လင်ဟမ်’ကို ချီးကျူးလိုက်တဲ့ ‘ပက်ဒရီ’

ယခုရက်သတ္တပတ်အစောပိုင်းက ဘာစီလိုနာ ကွင်းလယ်ကစားသမား ပက်ဒရီ က ၂၀၂၅ ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းဝင်များထဲမှ တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကလပ်အတွက် အောင်မြင်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဆုဖလား ၃ လုံးကို ရယူနိုင်ခဲ့ကာ စပိန်လက်ရွေးစင်အသင်းကိုလည်း ယူအီးအက်ဖ်အေ နေရှင်းလိဂ်ဖိုင်နယ်သို့ ရောက်ရှိစေရန်လည်း ကူညီပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာတို'ကို ချီးကျူးလိုက်တဲ့ 'အဲရစ်တန်ဟက်'

ချဲလ်ဆီးရဲ့ပေါင် ၃၇ သန်းတန် ‘ဟာတို’ကို ချီးကျူးလိုက်တဲ့ ‘အဲရစ်တန်ဟက်’

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က အေဂျက်စ်ကနေ ဟာတို ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုဟာ သောကြာနေ့ညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်