K-pop ကြယ်ပွင့်တစ်ဦးဖြစ်သည့် G-Dragon သည် ၎င်း၏တတိယမြောက် အယ်လ်ဘမ် အစအဆုံး Übermensch ကို လာမည့် ဖေဖော်ဝါရီလ(၂၅)ရက်တွင် ထွက်ရှိရန်စီစဉ်ထားကြောင်း သိရသည်။
နာမည်ကြီး တောင်ကိုရီးယား ယောက်ျားလေး တေးဂီတအဖွဲ့ BigBang ၏ ခေါင်းဆောင်ဖြစ်သည့် G-Dragon သည် ဖေဖော်ဝါရီလ(၄)ရက်တွင် ၎င်း၏အင်စတာဂရမ်အကောင့်မှာ teaser တစ်ခုကို တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအယ်လ်ဘမ်သည် (၂၀၁၃)ခုနှစ် စက်တင်ဘာလတွင် ထွက်ရှိလာခဲ့သော G-Dragon ၏ Coup D’etat အယ်လ်ဘမ်နောက်ပိုင်း အချိန်(၁၁)နှစ်ကျော်အကြာတွင် ထွက်ရှိလာမည့် ပထမဆုံးအယ်လ်ဘမ်အစအဆုံးတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။ G-Dragon ၏ ပထမဆုံးအယ်လ်ဘမ် Heartbreaker သည် (၂၀ဝ၉)ခုနှစ်တွင် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ (၅)ရက်တွင် G-Dragon သည် ၎င်း၏ယခင်အယ်လ်ဘမ်နှစ်ခု၏ ကာဗာများအပါအဝင် တတိယမြောက် အယ်လ်ဘမ်ကို ကိုယ်စားပြုသည့် ဓာတ်ပုံတစ်ခုနှင့်ပတ်သက်သည့် အင်စတာဂရမ်စတိုရီများစွာကို ဆက်တိုက်တင်ခဲ့ကြောင်းသိရသည်။
(၂၀၂၄)ခုနှစ် နိုဝင်ဘာလတွင် G-Dragon သည် Big Bang အဖွဲ့ဝင် Taeyang နှင့် Daesung တို့ပါဝင်သည့် Home Sweet Home သီချင်းကို ထုတ်ဝေခဲ့သည်။ အဆိုပါလမတိုင်မီအချိန်တွင် G-Dragon သည် အချိန်(၇)နှစ်အတွင်း ၎င်း၏ပထမဆုံးတစ်ကိုယ်တော် comeback ကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
Source : soompi.com