Spotify တွင် ထုတ်လွှင့်မှု သန်း(၅၀၀)ကျော်သွားခဲ့သည့် Blackpink အဖွဲ့၏ “Pretty Savage”သီချင်း

BLACKPINK အဖွဲ့၏ (၁၁)ပုဒ်မြောက်သီချင်း “Pretty Savage’’

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink သည် အဖွဲ့လိုက် ဖျော်ဖြေမှုများကို လုပ်ဆောင်ခြင်းမျိုးမရှိတော့သော်လည်း အောင်မြင်မှုများကို ဆက်လက်ရယူနေလျက် ရှိကြောင်းသိရသည်။ Blackpink အဖွဲ့၏ “Pretty Savage”သီချင်းသည် Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း(၅၀၀)ကျော်သွားခဲ့မှုနှင့်အတူ စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ‘‘Pretty Savage” သီချင်းသည် Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း(၅၀၀)ကျော်သွားခဲ့သည့် Blackpink အဖွဲ့၏ (၁၁)ပုဒ်မြောက် သီချင်းတစ်ပုဒ် ဖြစ်ကြောင်းလည်းဖြစ်သည်။

အဆိုပါစံချိန်သစ်ကိုတင်နိုင်မှုနှင့်အတူ Blackpink အဖွဲ့သည် K pop အမျိုးသမီး အဆိုတော်အဖွဲ့များကြားတွင် Spotify ပလက်ဖောင်းမှာ ထုတ်လွှင့်မှုသန်း(၅၀၀)ကျော်သွားခဲ့သည့် သီချင်းအများဆုံးပိုင်ဆိုင်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့သည်။ BLACKPINK အဖွဲ့၏ “Pretty Savage”သီချင်းသည် ၎င်းတို့၏ပထမဆုံးပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် ‘‘The Album”ထဲတွင် ပါဝင်ခဲ့သည့် သီချင်းတစ်ပုဒ်လည်း ဖြစ်သည်။

blackpink Pretty Savage

လက်ရှိအချိန်တွင် Blackpink အဖွဲ့ ဝင်အားလုံးသည် အဖွဲ့တစ်ခုအဖြစ် ဖျော်ဖြေမှုများကို လုပ်ဆောင်ခြင်းမျိုး မရှိတော့ဘဲ တစ်ကိုယ်တော်ဖျော်ဖြေမှုများကိုလုပ်ဆောင်ကာ အောင်မြင်မှုများကို အသီးသီးရယူနေလျက်ရှိကြောင်း သိရသည်။

Source : allkpop.com

Leave a Reply

Your email address will not be published. Required fields are marked *