အောင်မြင်မှုရရှိရေးအတွက် ကျော်ဖြတ်ရသည့်အရာများကို Rose ထုတ်ဖော်ပြောဆို

အောင်မြင်မှုရရှိရေးအတွက် ကျော်ဖြတ်ရသည့်အရာများကို Blackpink အဖွဲ့ဝင် Rose ထုတ်ဖော်ပြောဆို

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ Rose သည် တင်းကျပ်သောတောင်ကိုရီးယားဂီတနယ်ပယ်တွင် အောင်မြင်ရန်အတွက် မည်သို့သောအခက်အခဲများကို ကျော်ဖြတ်ခဲ့ရသလဲဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

အသက်(၂၇) နှစ်အရွယ် Rose သည် ၎င်း၏ပွဲဦးထွက်တစ်ကိုယ်တော် အယ်လ်ဘမ် Rosie ကို လာမည့်ဒီဇင်ဘာလ(၆) ရက်တွင် စတင်ထုတ်ပြန်ပြသရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

Rose က “ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် အပြည့်စုံဆုံး၊ အကောင်းဆုံးပုံစံနဲ့ ဖြစ်နေစေဖို့အတွက် အမြဲတမ်းလေ့ကျင့်နေခဲ့ရတာပါ။ ပြီးတော့ အွန်လိုင်းမှာ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အချိန်မှာတောင် သူတို့လိုချင်တဲ့ အကောင်းဆုံးအဖြေတွေပေးနိုင်ဖို့အတွက် ကျွန်မတို့ပြင်ဆင်ထားခဲ့ရတာပါ။ ကျွန်မတို့ဟာ လူတိုင်းအတွက် အကောင်းဆုံး ပြီးပြည့်စုံတဲ့မိန်းကလေးမျိုးဖြစ်အောင် သေချာလုပ်ဆောင်ခဲ့ရတာပါ”ဟု ပြောဆိုခဲ့သည်။

ထို့ပြင် K-pop လောကအတွင်းသို့ စတင်ခြေချခဲ့သည့် ပထမဆုံးနှစ်များအတွင်း အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပြီး ပြီးပြည့်စုံသောအဆိုတော် တစ်ယောက်ဖြစ်လာရန်အတွက် အများကြီး ကြိုးစားခဲ့ရကြောင်း Rose က ထပ်မံထုတ်ဖော်ပြောဆိုခဲ့သည်။ Rose က “ပထမဆုံးနှစ်အနည်းငယ်ကတော့ ကျွန်မအတွက်အရမ်းခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အကောင်း ဆုံး လေ့လာသင်ယူပြီး ပြီးပြည့်စုံတဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်” ဟု ပြော ဆိုခဲ့သည်။

Rose သည် ၎င်း၏နောက်ဆုံးထွက်ရှိထားသော သီချင်းအသစ် “APT” ဖြင့် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းလည်းသိရသည်။ Rose နှင့် ဘရူနိုမားစ်တို့ဖန်တီးထားသော “APT” သီချင်းသည် ဗြိတိန်၏ Official Singles Chart Top 100 တွင် ဒုတိယနေရာအထိရောက်ရှိလာခဲ့ကြောင်းသိရသည်။ အဆိုပါ အောင်မြင်မှုနှင့်အတူ Rose သည် UK Official Singles Chart တွင် အဆင့်အမြင့်ဆုံး အမျိုးသမီး K-pop အနုပညာရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။

Source: allkpop.com

#rose #စံချိန်သစ် #တောင်ကိုရီးယားဂီတ #k-pop #blackpink

Leave a Reply

Your email address will not be published. Required fields are marked *