BLACKPINK ရဲ့ အဖွဲ့ဝင် Rose ဟာ K-Pop လောကမှာ ဘယ်သူမှ မရဖူးခဲ့တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ကို ရရှိခဲ့ပြီး ကမ္ဘာ့စံချိန်ငါးခုထိ ပိုင်ဆိုင်ထားတဲ့ K Pop အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။
ယခုသီတင်းပတ်အတွင်းမှာ Rosé ဟာ “APT” သီချင်းနဲ့ Apple Music Top 100 Global Chart မှာ နံပါတ် တစ်နေရာ ရောက်ရှိခဲ့တဲ့ ပထမဆုံး K-Pop အနုပညာရှင် ဖြစ်လာခဲ့ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါဟာ Rosé ရဲ့ “APT” သီချင်းနဲ့ နံပါတ်တစ်ချိတ်ခဲ့တဲ့ Global Chart တွေထဲက တစ်ခုဖြစ်ပါတယ်။
“APT” သီချင်းနဲ့ပဲ သူမဟာ UK singles chart မှာ ထိပ်တန်း 10 hit ရရှိတဲ့ ပထမဆုံး အမျိုးသမီး K-Pop တစ်ကိုယ်တော် အဆိုတော်ဖြစ်လာခဲ့သလို အမေရိကန်ရဲ့ရေပန်းအစားဆုံး ရေဒီယိုသီချင်း အဆင့်သတ်မှတ်ချက် Pop Airplay ဇယားမှာလည်း “တစ်နှစ်တာအကောင်းဆုံးသီချင်း” ဆု ရရှိခဲ့ပြီး iHeartRadio Music Awards မှာ “အကောင်းဆုံးတေးဂီတဗီဒီယို” ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
Rosé ဟာ BLACKPINK အဖွဲ့ အမည်နဲ့လည်း မှတ်တမ်းများစွာကို ကိုင်ဆောင်ထားနိုင်သလို တစ်ကိုယ်တော် အဆိုတော်အဖြစ် စတင်ချိန်မှာလည်း Billboard Global chart မှာ ရှားပါးတဲ့ တစ်ကိုယ်တော် စံချိန်တွေကို ရရှိခဲ့ပါတယ်။
Source : guinnessworldrecords.com