ယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က မိမိတို့အသင်းရုန်းကန်ခဲ့ရတာဟာ စီးတီးစတား ဒီဘရိုင်းကြောင့်ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ပြိုင်ဘက်စတားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။
ဒီဘရိုင်းဟာ အခုရာသီအကုန်မှာ ၁၀ နှစ်ကြာကစားခဲ့တဲ့ စီးတီးကနေထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ အသင်းနဲ့အတူ ဆုဖလား ၁၆ လုံးအထိရယူနိုင်ခဲ့ပြီး အဲ့ထဲမှာ ပရီးမီးယားလိဂ် ၆ ကြိမ် နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ပါဝင်နေပါတယ်။
ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအနည်းငယ်တုန်းက ဘယ်လ်ဂျီယံသားကို ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဖာနန်ဒက်စ်က ဒီဘရိုင်းဟာ မိမိထက်ပိုကောင်းတဲ့ကစားသမားလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ဒီဘရိုင်းက ပရီးမီးယားလိဂ်ကိုပိုကောင်းစေခဲ့တာပါ။ စီးတီးမှာ ဒီဘရိုင်းရှိနေတာက ယူနိုက်တက်အဲ့ကာလတွေမှာ ဆုဖလားအများကြီး မရ,ရတဲ့အဓိကအချက်ပါ။ အဲ့တာက ဒီဘရိုင်းကြောင့်ဖြစ်ပြီး သူက ချီးကျူးမှုအားလုံးနဲ့ထိုက်တန်ပါတယ်။
သူက တကယ့်အံ့ဖွယ်လုပ်ပြနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၀ နှစ်တာဆိုတာ အများကြီးပါ။ သူတို့က အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။ အသင်းမရွေးပဲပြောရရင် ဒီဘရိုင်းက ကမ္ဘာ့အဆင့်ခြေစွမ်းမျိုး ထိန်းထားနိုင်ပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခွင့်ရတာ ကျေနပ်မိသလို သူနဲ့ ပြိုင်ဘက်အဖြစ်ကစားခွင့်ရတာကိုလည်း ကျေနပ်မိပါတယ်။ သူက မန်စီးတီးသမိုင်းမှာတင်ကျန်ရစ်မှာမဟုတ်ပဲ ပရီးမီးယားလိဂ်သမိုင်းမှာလည်း ကျန်ရစ်မယ့်သူပါ”လို့ ဖာနန်ဒက်စ်က ဒီဘရိုင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံသားအနာဂတ်က မသေချားသေးပဲ လာမဲ့နွေမှာ ဆော်ဒီလိဂ်အပြင် မေဂျာလိဂ်ကလပ်တွေကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
Source : goal.com