ဆော်ဒီလိဂ်နဲ့ အမေရိကန်လိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ် xda77

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အမေရိကန်လိဂ်နဲ့ ဆော်ဒီလိဂ်တို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရတော့ ဖာနန်ဒက်စ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် အနှောင့်အယှက်တွေ မရှိစေဖို့အတွက် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ဆော်ဒီ၊ အမေရိကန်လိဂ် ဒါမှမဟုတ် ဥရောပရဲ့ အဓိကလိဂ်တွေကို ပြောင်းရွှေ့ဖို့ စဉ်းစားမှာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီနှစ်အစောပိုင်းမှာ ဆော်ဒီအသင်း အယ်လ်ဟီလာလ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ သူ့ရဲ့ အသက် ၃၂ နှစ်ပြည့်မဲ့ ၂၀၂၆ ခုနှစ်မှာ ယူနိုက်တက်က သူ့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ပြင်ဆင်ထားလိမ့်မယ်လို့ သိရပါတယ်။

အယ်လ်နာဆာနဲ့ အယ်လ်အစ်တီဟတ်တို့နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ စပို့တင်း လစ္စဘွန်းကြယ်ပွင့်ဟောင်းဟာ အဲ့ဒီအချိန်မှာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်ကို ပေါင် ၂၈၀,၀၀၀ တန်တဲ့စာချုပ်က တစ်နှစ်ပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကတော့ နောက်ထပ် ၁၂ လ တိုးမြှင့်ခွင့် ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ မဖြစ်နိုင်ဘူး လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆော်ဒီအပြောင်းအရွှေ့ဈေးကွက်က စက်တင်ဘာ ၁၀ ရက်နေ့မှာ ပိတ်မှာဖြစ်တဲ့အတွက် အယ်လ်အစ်တီဟတ်အသင်းက ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုလုပ်ခဲ့ရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။ အဲ့ဒီမှာ ဖာနန်ဒက်စ်ရဲ့ လစာဟာ ၄ ဆထက် ပိုများနိုင်တယ်လို့ သိရပါတယ်။

Source : tribalfootball.com

Leave a Reply

Your email address will not be published. Required fields are marked *