ကမ္ဘောဒီးယားတော်ဝင်မင်းသမီး ဂျန်နာ K-pop Idol ဖြစ်ဖို့ training ဝင်ရောက်မဲ့ သတင်းကို ငြင်းဆို

ကမ္ဘောဒီးယားတော်ဝင်မင်းသမီး ဂျန်နာ K-pop Idol ဖြစ်ဖို့ training ဝင်ရောက်မဲ့ သတင်းကို ငြင်းဆို

ကမ္ဘောဒီးယားတော်ဝင်မင်းသမီး ဂျန်နာဟာ လတ်တလောမှာ ဟစ်ဖြစ်နေတဲ့ သူမ K Pop Idol ဖြစ်ဖို့အတွက် Training ဝင်ရောက်တော့မယ်ဆိုတဲ့သတင်းကို ငြင်းဆိုလိုက်ပါတယ်။

အသက် ၁၂ နှစ်အရွယ် ကမ္ဘောဒီးယားမင်းသမီး ဂျန်နာနိုရိုဒန်ဟာ သူမရဲ့ရုပ်ရည်ချောမောမှု၊ ဘာသာစကားမျိုးစုံနဲ့ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်တွေကြောင့် လူသိများတဲ့တော်ဝင်မင်းသမီးတစ်ဦးဖြစ်ပြီး TikTok မှာ Follower သုံးသန်းနီးပါးနဲ့ YouTube မှာ Follower တစ်သန်းအထိ ရရှိထားပါတယ်။

သူမရဲ့မွေးရပ်မြေနိုင်ငံ ကမ္ဘောဒီးယားမှာ လူကြိုက်များ ရေပန်းစားတဲ့အပြင် ၂၀၂၃ ခုနှစ်နှောင်းပိုင်းက နိုင်ငံပိုင်ရုပ်သံလိုင်း CCTV မှာ တရုတ်သီချင်းတွေကို ကျွမ်းကျင်စွာဖျော်ဖြေတင်ဆက်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံမှာလည်း သူမဟာ ကျော်ကြားပါတယ်။ သူမရဲ့ Weibo အကောင့်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ စဖွင့်လှစ်လိုက်တာဖြစ်ပေမဲ့ ပရိသတ် ၂၀၀,၀၀၀ ကျော်ထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂျန်နာဟာ နောက်ထပ် အနုပညာလှုပ်ရှားမှုအနေနဲ့ K-pop Idol အတွက် Training ဝင်ရောက်မယ်ဆိုတဲ့ သတင်းကို အောက်တိုဘာ ၁၄ ရက်က ထိုင်ဝမ် SET News မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီသတင်းကို တောင်ကိုရီးယား ဖျော်ဖြေရေးဝဘ်ဆိုဒ်တွေကလည်း ပြန်လည်ဖော်ပြခဲ့ကြပြီး အရှေ့တောင်အာရှမှ တော်ဝင်မင်းသမီး ဂျန်နာဟာ ထိုင်းနိုင်ငံက Blackpink အဖွဲ့ဝင် လီဆာလိုပဲ ထင်ပေါ်ကျော်ကြားလာမယ်လို့ တချို့က မှတ်ချက်ပေးကြပါတယ်။

ဒါပေမဲ့ ဂျန်နာရဲ့ Management အဖွဲ့ကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။ ဂျန်နာဟာ ၂၀၂၃ ခုနှစ်က ကိုရီးယားဖျော်ဖြေရေးအေဂျင်စီတစ်ခုဆီမှ Training အတွက် ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့ပေမဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဂျန်နာဟာ သီချင်းဆိုခြင်းအပြင် စာလေ့လာမှုကိုလည်း အာရုံစိုက်လိုတာ ကြောင့် ကိုရီးယားမှာ K-pop Training ဝင်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂျန်နာဟာ ၂ဝ၁၂ ခုနှစ်က မွေးဖွားခဲ့ပြီး၊ တရုတ်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကမ္ဘောဒီးယားဘုရင်ဟောင်း နိုရိုဒန်စီဟန်နွိုက် ရဲ့မြေးတော်ဖြစ်ပါတယ်။ သူမရဲ့မိဘတွေကတော့ မင်းသမီး နိုရိုဒန် ဘိုဖီရီ နဲ့ ဖခင်ဖြစ်သူကတော့ ပြင်သစ် စီးပွားရေးသမားဖြစ်တယ်လို့ သိရပါတယ်။ ဂျန်နာဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ ဂီတအနုပညာကျောင်းမှာ အော်ပရာလေ့လာခဲ့ပြီး ပြင်သစ်၊ ခမာ၊ ထိုင်း၊ တရုတ်နဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် အနေနဲ့ ခမာရုပ်မြင်သံကြားဒရာမာ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး The Night Curse Of Reatrei (2024) ရုပ်ရှင်နဲ့ ကမ္ဘောဒီးယား-အာရှရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးလူသစ် သရုပ်ဆောင်ဆုကို ရရှိထားပါတယ်။

Source : straitstimes.com

#xda77 #xda77digital #မင်းသမီးဂျန်နာ #ဂျန်နာနိုရိုဒန် #တော်ဝင်မင်းသမီး #ကမ္ဘောဒီးယား

Leave a Reply

Your email address will not be published. Required fields are marked *