ပွဲစဉ်တွေများလွန်းခြင်းကြောင့် ကစားသမားတွေဒဏ်ရာရနေတယ်လို့ အန်ဆယ်လော့တီဝေဖန်

ပွဲစဉ်တွေများလွန်းခြင်းကြောင့် ကစားသမားတွေဒဏ်ရာရနေတယ်လို့ အန်ဆယ်လော့တီဝေဖန်

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ မကြာခဏကြုံတွေနေရခြင်းမှာ ပွဲစဉ်တွေအများအပြား ကစားနေရခြင်းကြောင့်ဖြစ်တယ်လို့ ထောက်ပြဝေဖန်လာခဲ့ပါတယ်။ 

အန်ဆယ်လော့တီက “ကစားသမားတွေ ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာ မတွေ့ပါဘူး။ ဒါက ပြက္ခဒိန်တစ်နှစ်အတွင်း ပွဲစဉ်တွေအများအပြားကစားရခြင်းကြောင့်ဖြစ်လာတာပါ။ အခုဆိုရင် စည်းမျဉ်းအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲစတင်ပါပြီ။ ဒီပြိုင်ပွဲမှာ တွေဖြစ်လာဦးမလဲမသိသေးပါဘူး။ လက်ရှိချန်ပီယံလိဂ်ပုံစံက ပြီးခဲ့တဲ့နှစ်တွေကထက် ဖျော်ဖြေမှုပိုပေးနိုင်ဖို့အလားအလာရှိပေမဲ့ အချက်အလက်အရဆိုရင်တော့ ကျွန်တော်တို့ ၂ ပွဲပိုကစားသွားရမှာပါ”

“ကစားသမားတွေ ဒဏ်ရာရနေတာ ပွဲတွေအများအပြားကစားရလို့ဆိုတဲ့အကြောင်းကို ပြိုင်ပွဲစီစဉ်သူတွေ မသိရင်တော့ ကျွန်တော်တို့မှာပြဿနာရှိပါတယ်။ ဒါကြောင့် ပြိုင်ပွဲကို ပိုပြီးဆွဲဆောင်မှုရှိအောင် ပွဲစဉ်တွေလျှော့ချပေးဖို့ ကျွန်တော်တောင်းဆိုထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ကစားသမားတွေအနေနဲ့ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲ၊ ကိုပါအမေရိကပြိုင်ပွဲနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေကြုံတွေ့ခဲ့ရသလို ပြည့်ကျပ်နေတဲ့ပွဲအချိန်ဇယားကြောင့် လက်ရှိအချိန်မှာလည်း နိုင်ငံအသင်း ကလပ်အသင်းကြားမှာ  ၃ ရက်တစ်ပွဲလောက်ကစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် အန်ဆယ်လော့တီက “ဒီရာသီကျွန်တော်တို့ကစားထားတဲ့ လာလီဂါ ၅ ပွဲမှာ ၂ မှတ်လောက်ပိုရထားသင့်ပါတယ်။

ဒါပေမဲ့ ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်ရေးအခြေအနေတွေကြောင့် အခက်ကြုံခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေက ဩဂုတ်လ ၉ ရက်နေ့မှ အသင်းကိုပြန်ရောက်လာကြလို့ပါ။ အရင်နှစ်တွေကဆိုရင် ရာသီကြိုကာလမှာ ၅ ပတ်လောက်အထိအချိန်ရပါတယ်။ အဲဒီအချိန်အတွင်းမှာ အသင်းကို အင်အားဖြည့်တင်းဖို့ အချိန်လုံလောက်ပါတယ်။ အခုတော့ ကျွန်တော်တို့ တိုးတက်မှုတွေပြုလုပ်မှဖြစ်ပါတော့မယ်”

လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အနေနဲ့ ယခုနှစ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အီတလီသားက “ရေပန်းစားတာကတော့ ပုံမှန်ပါပဲ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဒီဖလားကိုရထားတာကြောင့်ပါ။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ မတူညီတဲ့သမိုင်းကြောင်းတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အဆုံးထိသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီးတော့ အန်ဆယ်လော့တီက “တိုနီခရူးစ်၊ နာချိုနဲ့ ဟိုဆေးလူတို့လို အရေးကြီးတဲ့ကစားသမားတွေဆုံးရှုံးလိုက်ရပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား အမ်ဘာပေကိုခေါ်ယူထားနိုင်လို့ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့လူစာရင်းရှိနေတယ်လို့ထင်ပါတယ်။ အခုကစားသွားရမဲ့ စတုဂတ်ကလည်း ဘာနေဗျူးအထိ အရောက်လှမ်းနိုင်ခဲ့တာဆိုတော့ သူတို့ရဲ့အစွမ်းအစကို လျှော့တွက်လို့မရပါဘူး။ သူတို့နည်းပြက အလုပ်ကောင်းကောင်းလုပ်ထားနိုင်ပြီး အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ သူတို့ရဲ့စုဖွဲ့မှုကို မြင်တွေ့ထားရတာကြောင့် ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Source: thenationalnews.com

#xda77 #xda77digital #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ

Leave a Reply

Your email address will not be published. Required fields are marked *