
ပွဲစဉ်တွေများလွန်းခြင်းကြောင့် ကစားသမားတွေဒဏ်ရာရနေတယ်လို့ အန်ဆယ်လော့တီဝေဖန်
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ မကြာခဏကြုံတွေနေရခြင်းမှာ ပွဲစဉ်တွေအများအပြား ကစားနေရခြင်းကြောင့်ဖြစ်တယ်လို့ ထောက်ပြဝေဖန်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ မကြာခဏကြုံတွေနေရခြင်းမှာ ပွဲစဉ်တွေအများအပြား ကစားနေရခြင်းကြောင့်ဖြစ်တယ်လို့ ထောက်ပြဝေဖန်လာခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားက အနောက်လန်ဒန်အရပ်မှာ လေးနှစ်တာဖြတ်သန်းမှုကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်ပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်းရှိ သူ့အတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ နားနေခန်းကို ရှင်းလင်းပေးခဲ့ပါတယ်။
ယာဂန်ကလော့ပ်က အင်္ဂလန်ဘောလုံးလောကအာဏာပိုင်တွေနဲ့ ရုပ်သံကုမ္ပဏီတွေကို ပွဲစဉ်ဇယားကျပ်တည်းမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုလေ့ရှိပေမဲ့ သူ့ရဲ့နေရာဆက်ခံသူ အန်းစလော့ကတော့ အသင်းရဲ့ပွဲကျပ်ကာလတွေအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အမြင်ကိုပဲ စွဲကိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ရဲ့ နောက်ဆုံးရက်မှာ နာပိုလီ အသင်းကနေ နိုင်ဂျီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို တစ်ရာသီ အငှားနဲ့ အရင်ခေါ်ကာ ၊ စာချုပ်ထဲမှာ အပြီးသတ်ပြောင်းရွှေ့ကြေး တရပ်ရပ်နဲ့ ခေါ်ယူခွင့်ကို ထည့်ချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အယ်လ်ဟီလယ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ နောက်ထပ်နှစ်လစောင့်ဆိုင်းရဖွယ်ရှိတဲ့ နေမာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အတွက် ပါဝင်ကစားပေးဖို့ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ နေမာဟာ ဒဏ်ရာပြဿနာဆုတ်ယုတ်မှုတစ်ခုနဲ့ ထပ်မံရင်ဆိုင်လိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းပျော်နေတယ်လို့ ဘာပေ ပြောကြား ရီးရဲလ်မက်ဒရစ်စတား အမ်ဘာပေက မိမိအနေနဲ့ အသင်းမှာပြသနေတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းပျော်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်သားဟာ အခုနွေရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီကနေ ရီးရဲလ်အသင်းထံပြောင်းလာခဲ့တာဖြစ်ပြီး ၅ ပွဲမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ခံစစ်မှုး ဒန်နီကာဗာဂျယ်ဟာ ဘော်လွန်းဒီအော်ဆုအတွက် စကာတင်ရွေးချယ်ခံခဲ့ရလို့ ပျော်ရွှင်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါခံစစ်ကစားသမားဟာ ဒီဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ရသူ ဖြစ်ထိုက်တယ်လို့ လူအများအပြားက ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ဆုဖလားတွေသိမ်းပိုက်ဖို့ လုံလောက်တဲ့အဆင့်မှာရှိနေတယ်လို့ဆိုလာတဲ့ ပီကေး ယခု ၂၀၂၄-၂၅ ရာသီအစမှာ အခြေအနေကောင်းနေပြီး လာလီဂါ ၄ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ ဘာစီလိုနာအသင်းဟာ အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့လူအင်အားရှိတယ်လို့ နောက်ခံကစားသမားဟောင်း ဂျရတ်ပီကေးက ချီးကျူးပြောဆိုလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချဲလ်ဆီးအသင်း ရဲ့တောင်ပံကစားသမား စတာလင် ကို တစ်ရာသီ အငှားနဲ့ စာချုပ်ချုပ်ခေါ်ယူ နိုင်ခဲ့ပါတယ်။ စတာလင် ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ရာ လစာ လျော့ယူဖို့ ဆုံးဖြတ်ခဲ့သလို ဆော်ဒီကလပ် အသင်းတစ်သင်း ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကွန်းဖရန့်လိဂ် play-off နောက်ဆုံးအဆင့် ဒုတိယအကျော့ပွဲမှာ ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၂ကျော့ပေါင်း ရလဒ် အရ ၃ – ၂ နဲ့ အနိုင်ရပြီး ၊ ကွန်းဖရန့်လိဂ် ပြိုင်ပွဲသို့ ကလပ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။