အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ

အင်တာမီယာမီတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆက်လက်ပါဝင်ဖို့စိတ်အားထက်သန်နေတာကြောင့် လက်ရှိကလပ် မီယာမီကနေထွက်ခွာပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုသို့ပြောင်းရွှေ့ကစားသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုင်ယန်အမ်ဘွေမို

လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ‘အမ်ဘွေမို’ကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားမယ်

ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီလက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ချိတ်ဆက်နေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ပတ်သက်ပြီး လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ရောင်းချမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား

သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား

သတင်းတွေအရ ဘရိုက်တန်စတား ပက်ဒရိုတစ်ယောက် မကြာခင်မှာအသင်းသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။ ဘရိုက်တန်ဘက်က ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂစ်တန်ကိုချိတ်ဆက်ခဲ့ပြီးနောက် ဘရာဇီးသားဟာ ချဲလ်ဆီးရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီ

အင်တာမိုင်ယာမီကို ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၄ – ၀ အင်မတာမိုင်ယာမီ (ပွဲပြီးရလဒ်) ပီအက်စ်ဂျီအသင်းက ပထမပိုင်းမှာတင် မက်ဆီပါဝင်တဲ့အင်တာမိုင်ယာမီအသင်းကို ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ လူစားလဲမှုတွေ ပြုလုပ်ပြီး အနိုင်ကိုထိန်းကစားကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မဲ့အစား အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်သက်တမ်းတိုးပြီးနောက်မှာ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အရ အသက် ၄၂ နှစ်အထိ ဆော်ဒီပရိုလိဂ်ကလပ်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာနာဒိုဆေးလ်ဗား

ဂျူဗင်တပ်စ်နဲ့ပွဲမှ မန်စီးတီးရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မိကြောင်းပြောကြားလာတဲ့ ဘာနာဒိုဆေးလ်ဗား

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဥရောပထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာ အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းဖော်ဟောင်းကိုသတိပေးလိုက်တဲ့ ဟာကီမီ

သူငယ်ချင်းဆိုတာမရှိကြောင်း အသင်းဖော်ဟောင်းကိုသတိပေးလိုက်တဲ့ ဟာကီမီ

ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာမတွေ့ဆုံခင် ပီအက်စ်ဂျီစတား ဟာကီမီက ပြိုင်ပွဲမှာသူငယ်ချင်းဆိုတာမရှိကြောင်း အသင်းဖော်ဟောင်း မက်ဆီကို သတိပေးလိုက်ပါတယ်။ မက်ဆီဟာ လာမဲ့တနင်္ဂနွေနေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမို

ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ နီးစပ်လာပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
မာရှေယာနို

ဥရောပချန်ပီယံ ပီအက်စ်ဂျီကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မာရှေယာနိုပြော

အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပါမီးရက်စ်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ထားရာမှာ ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေ ၁ မှတ်သာရရှိပြီး အုပ်စုဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မီယာမီဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီနဲ့တွေ့ဆုံသွားတော့မှာဖြစ်ပေမဲ့ မာရှေယာနိုက သူ့ရဲ့အသင်းဟာ ဥရောပချန်ပီယံအသင်းနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗယ်လ်ဗာဒီ

ဗယ်လ်ဗာဒီကို လီဗာပူးဂန္ထဝင်ဟောင်း ဂျရတ်နဲ့ အလွန်ဆို ခိုင်းနှိုင်း

ပါချူကာအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဗယ်လ်ဗာဒီကို မြင်ရတာဟာ အသင်းဖော်ဟောင်း ဂျရတ်ကိုပြန်မြင်ရသလိုပဲလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပထမဆုံး ၁၀ မိနစ်မှာတင် ၁၀ ယောက်တည်းကစားခဲ့ရပေမဲ့ ရီးရဲလ်အသင်းဟာ ပါချူကာအသင်းကို ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်