အလက်ဇန်းဒါးအာနိုးလ်အား ဒေးဗစ်ဘက်ခမ်းနှင့် နှိုင်းယှဉ်လိုက်တဲ့ ဒန်းနစ်အာဝင်
ရီးရဲလ်မက်ဒရစ်နှင့် ချိန်ဆက်မှုများ ရှိနေစဉ်မှာ လီဗာပူးရဲ့ကစားသမား အာနိုးလ်ကို ဒေးဗစ်ဘက်ခမ်းနှင့် ယူနိုက်တက်ကစားသမားဟောင်း ဒန်းနစ်အာဝင်က နှိုင်းယှဉ်လိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့် ချိန်ဆက်မှုများ ရှိနေစဉ်မှာ လီဗာပူးရဲ့ကစားသမား အာနိုးလ်ကို ဒေးဗစ်ဘက်ခမ်းနှင့် ယူနိုက်တက်ကစားသမားဟောင်း ဒန်းနစ်အာဝင်က နှိုင်းယှဉ်လိုက်ပါတယ်။
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အွန်လိုင်းပေါ်မှ ခြိမ်းခြောက်စာပို့ခံခဲ့ရတဲ့ အသင်းရဲ့ကစားသမား ကိုင်ဟားဗက်ဇ်နဲ့ ဇနီးဖြစ်သူ ဆိုဖီယာဟားဗက်ဇ်တို့ရဲ့ကိစ္စဟာ ဒီအတိုင်းပြီးမသွားသင့်ဘဲ တစ်စုံတစ်ရာ အရေးယူမှုပြုလုပ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြော ကြားလာခဲ့ပါတယ်။
ပုံစံကောင်းရနေတဲ့ မာယော့ကာကို ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ် လော့တီက လာမဲ့ တနင်္ဂနွေနေ့၊ စပိန်စူပါဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာနဲ့ ရင်ဆိုင်ရချိန် မမျှော်မှန်းထားနိုင်တဲ့အရာတွေ ဖြစ်လာနိုင်တယ်လို့ ပရိသတ်တွေဆီ အကြံပြုခဲ့ပါတယ်။
အင်တာမီယာမီစတားဟာ Presidential Medal of Freedom ကို ရရှိခဲ့သော်လည်း ဝါရှင်တန်ဒီစီက ဆုပေးပွဲ အခမ်းအနားကိုတော့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ သမ္မတဘိုင်ဒန်ရဲ့အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အခမ်းအနားသို့ အံ့အားသင့်ဖွယ် မတက်ရောက်နိုင်ခဲ့တဲ့ အပေါ်မက်ဆီက ရှင်းပြလိုက်ပါတယ်။
ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းဟာ မက်ဂွိုင်းယားရဲ့စာချုပ်ပါအချက်ကို အသုံးပြုပြီး ၁ နှစ်သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားရဲ့စာချုပ်ထဲမှာ ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်ထည့်သွင်းထားပြီး အခုအဆိုပါ အချက်ကို အသုံးချခဲ့တာဖြစ်ပါတယ်။
လီဗာပူးကြယ်ပွင့်မိုဆာလက်က အခုရာသီ၊ အန်ဖီးလ်မှာ နည်းပြအန်းစလော့နဲ့ လက်တွဲရမှုအပေါ် သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှလာခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ထိပ်တန်းစွမ်းဆောင်ရည်မျိုးပြသနေပြီး ကလပ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ဦးဆောင်သူဖြစ်လာနိုင်ရေး ကူညီပေးခဲ့ပါတယ်။
ယနေ့နံနက်က နယူးကာဆယ်ကို ဝ-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းရဲ့တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို ပထမပိုင်းမပြီးခင်မှာပဲ လူစားလဲခဲ့ပြီး ယခုအခါမှာတော့ စောစောစီးစီးလူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြလာခဲ့ပါတယ်။
ကစားသမားရဲ့စာရင်းသွင်းမှုနှင့်ပတ်သက်ပြီး မသေချာမှုများရှိနေတာကြောင့် ပီအက်စ်ဂျီဟာ ဘာစီလိုနာတိုက်စစ်မှူးကို ဆက်သွယ်လာတဲ့ နောက်ဆုံးအသင်းလည်းဖြစ်ပါတယ်။
ဘော်လွန်းဒီအော်ငါးကြိမ်ဆုရှင် စီရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်စတား ဗင်နီးစီယက်စ်လွဲချော်ခဲ့တဲ့ အခုနှစ်ဆုပေးပွဲရလဒ်နဲ့ပတ်သက်ပြီး မျှတမှုမရှိဘူးလို့ ပြီးခဲ့တဲ့သောကြောနေ့မှာ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက လက်ရှိအသင်းရဲ့ဆိုးဝါးနေတဲ့ အခြေအနေတွေက အဘက်ဘက်မှာ ထိခိုက်မှုရှိနေကြောင်းနဲ့ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့အတွက်လည်း လွယ်ကူမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။