
ကမ္ဘာ့အကြီးဆုံးကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ဂင်းနစ်မှတ်တမ်းဝင်
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကြက်ရုပ်ပုံစံ ဆန်းသစ်ထားတဲ့ ဟိုတယ်တစ်ခုဟာ ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန် အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်း ကမ္ဘာ့စံချိန်တင် ဂုဏ်ပြုခံရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကြက်ရုပ်ပုံစံ ဆန်းသစ်ထားတဲ့ ဟိုတယ်တစ်ခုဟာ ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန် အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်း ကမ္ဘာ့စံချိန်တင် ဂုဏ်ပြုခံရပါတယ်။
တူရကီနိုင်ငံက ဒီရေအိုင်ငယ်လေးတွေဟာ ရုတ်တရက်ကြည့်ရင် အဖြူရောင်နှင်းတောထဲက အပြာရောင်ရေအိုင်ငယ်လေးတွေနှင့်တူညီနေပါတယ်။ ပတ်ဝန်းကျင်ကနှင်းတွေကြောင့် အတော်လေးအေးမယ်လို့ထင်ရပေမဲ့ ဒီရေအိုင်လေးတွေဟာ ရေပူစမ်းတွေဖြစ်ပြီးတော့ အတော်လေးနွေးထွေးတဲ့ရေတွေကို ပိုင်ဆိုင်ထားပါတယ်။
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုရှိတဲ့ အမျိုးသမီးတစ်ဦးက သားအိမ် ၂ ခုလုံးနဲ့ ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေး ၂ ယောက်ကို မွေးဖွားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံက ထူးခြားတဲ့အမြင့်ဆုံးတောင် Roraima ဗင်နီဇွဲလားနိုင်ငံဟာ ထူးခြားတဲ့သဘာဝရှုခင်းတွေ သဘာဝတရားအလှတွေရှိတာကြောင့် နာမည်ကြီးပါတယ်။ အခုလိုသဘာဝတရားအလှတွေထဲမှာ Roraima တောင်ဟာလည်း အထူးခြားဆုံးနှင့် အမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်တွေနှင့်အတူ ပါဝင်နေပါတယ်။ တောင်ရဲ့ပုံပန်းသွင်ပြင် ကိုယ်တိုင်က တစ်ခြားတောင်တွေလိုမျိုး ထိပ်မှာစုချွန်သွားတာမျိုးမရှိဘဲ အပြားလိုက်ဖြစ်နေတာ ဖြစ်ပါတယ်။
ဒေသခံတွေက ရုရှားရဲ့ သန်မာတဲ့အမျိုးသားခုနှစ်ယောက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီကျောက်တုံးကြီးတွေဟာ ထူးခြားတဲ့ကျောက်တုံးကြီးတွေဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် လူတွေဖန်တီးထားတဲ့တည်ဆောက်မှုနှင့်တူညီနေတဲ့ ဒီကျောက်တုံးတွေဟာ တစ်ကယ့်သဘာဝတရားကြောင့် ဖြစ်လာတဲ့ဖန်တီးမှုဖြစ်ပြီးတော့ နှစ်ပေါင်းများစွာရေလေနှင်းတိုက်စားမှုတွေကြောင့်ဖြစ်လာတာဖြစ်ပါတယ်။