အယ်လ်နာဆာအသင်းစတား အန်ဂျယ်လိုကတော့ ရော်နယ်ဒိုဟာ ဘရာဇီးဘောလုံးလောကအကြောင်း အမြဲတမ်းမေးဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အန်ဂျယ်လိုက ရော်နယ်ဒိုတစ်ယောက် ဘရာဇီးလိဂ်ကိုပြောင်းချင်နေပြီး ဖလာမင်ဂို ၊ ဆန်းတို့စ် ၊ ကိုရင်သီယန် ၊ ပါးလ်မီးရက်စ်စတဲ့အသင်း ၄ သင်းအကြောင်း အဓိကမေးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အယ်လ်နာဆာမှာဆက်မနေခင် ရော်နယ်ဒိုဟာ ဘိုတာဖိုဂိုအသင်းထံပြောင်းရွှေ့ဖို့ ချိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့အပြောင်းအရွှေ့က ကစားသမားဘဝနေမဝင်ခင်လောက်မှသာ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ “သူ(ရော်နယ်ဒို)က ဘရာဇီးလိဂ်အကြောင်းအရာအားလုံးမေးဖြစ်ပါတယ်။ နိုင်ငံအသင်းဘာလုပ်နေလဲဆိုတာကောပေါ့။ လိဂ်အခြေအနေက ဘယ်လိုရှိလဲဆိုတာလည်း မေးပါတယ်။ ဘာလို့လဲဆိုတော့ သူကဒီမှာလာကစားနေတဲ့ကစားသမားအချို့ကိုသိပါတယ်။ နေမာ ၊ ဒီပေးလိုကစားသမားမျိုးတွေပေါ့။ ဘရာဇီးလိဂ်မှာ ဘယ်အသင်းကအမြဲတမ်းဦးဆောင်နေလဲဆိုတာကိုလည်း အမြဲတမ်းမေးဖြစ်ပါတယ်။ ဦးစားပေးအသင်းတော့ မမေးပါဘူး။ ဒါပေမဲ့ သူဘယ်အသင်းအင်္ကျီကိုဝတ်ဆင်ရင်ကောင်းမလဲဆိုတာ အမြဲမေးဖြစ်ပါတယ်။ ကိုပါကာဘာနာကမ်းခြေမှာ အုန်းရည်လေးသောက်ပြီး အနားယူနေတာကို စိတ်ကူးယဉ်ကြည့်စမ်းဗျာလို့ ပြောလေ့ရှိပါတယ်။ သူက ဖလာမင်ဂို ၊ ဆန်းတို့စ် ၊ ကိုရင်သီယန် နဲ့ ပါးလ်မီးရက်စ်တို့အကြောင်းလည်း မေးမြန်းပါတယ်”လို့ အန်ဂျယ်လိုက ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာမဲ့တနင်္ဂနွေနေ့ ပြင်သစ်အသင်းနဲ့ဖိုင်နယ်ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
Source : goal.com