ဟောလိဝုဒ်ကျိန်စာ ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Emma Stone
Hollywood Curse ဆိုတာကတော့ ရုပ်ရှင်ရိုက်တဲ့ အခါမှာ ခွဲခြားခံရတာကိုပြောတာပါ။ ဒီမှာဆိုရင် တောကား / နယ်ကား / အောက်ကား ရိုက်တာများတဲ့ သရုပ်ဆောင်ဟာ ရုံကြီးကားရိုက်ရဖို့နည်းတယ် မဖြစ်နိုင်ဘူးဆိုတာမျိုးပါ ( ကြားဖူးကြမယ် ထင်ပါတယ် ) ဟောလိဝုဒ်မှာကကျတော့ တစ်မျိုးကွဲပါတယ် ။ အောက်ကား ၊ ရုံကြီးကား ခွဲတာမဟုတ်ပါ ။ Character Role နဲ့ ခွဲတာပါ။

သရုပ်ဆောင်တစ်ယောက်ဟာ ပွဲဦးထွက်ကနေ အချိန်တော်တော်ကြာအထိ သာမန်ကာလျှံကာ အဆင့် Rom Com တွေ၊ ပေါ ဟာသကားတွေ Critically အတော်အဆင်မပြေတဲ့ကားတွေ ဆက်တိုက်ရိုက်ခဲ့တယ်ဆိုရင် အဲ့လူက Serious ဖြစ်တဲ့ တကယ့် ဇာတ်ကားကောင်းတွေ Drama Role တွေရပြီး ဆုတွေလည်း အများကြီးရဖို့အတွက် အတော်မလွယ်ပါဘူး။ Producer , Director တွေဟာ သူတို့ကို Cast လုပ်ဖို့စဥ်းစားပြီး အဆင်သိပ်မပြေလောက်ဘူး မြင်ကြလို့ပါ။ အဲ့လိုနဲ့ ဖန်တရာထပ်နေတဲ့ ကားတွေထဲ တစ်ဝဲလည်လည်ပါပဲ။
ဒါကို ဟောလိဝုဒ်ကျိန်စာလို့ ခေါ်တယ် ။
ဒီကျိန်စာကို လွတ်သူတွေရှိတဲ့အထဲကမှ Emma Stone ကိုပြောချင်ပါတယ်။ Emma Stone ဟာ ပွဲဦးထွက်ကနေစပြီး ဆက်တိုက် အပေါ်မှာပြောခဲ့သလိုကားတွေပဲ ရိုက်ခဲ့ကြလို့ သူ့ကိုဝေဖန်ရေး ဆရာတွေအကုန်လုံးလိုလိုက Emma Stone ဟာ သရုပ်ဆောင်ကောင်းတဲ့သူမဟုတ်ဘူးဆိုပြီး အထင်မကြီးခဲ့ကြပါ။ ဒါပေမယ့် Easy A လို့ခေါ်တဲ့ Teen Romcom ကားမှာတော့ Emma တစ်ယောက် မဆိုးပါဘူးလို့ပဲပြောရမလား၊ ဝေဖန်ရေးဆရာတွေစီကနေ Mixed Reaction ရခဲ့ပါတယ် ။ The Help ထွက်ရှိလာချိန်မှာတော့ ဒီကောင်မလေး အလားအလာရှိတယ်လို့စပြီး အပြောခံခဲ့ရပါတယ်။ အဲ့နောက်ပိုင်းတော့ Comedy တွေ Romcom တွေလည်းဆက်ရိုက်သလို တကယ့် Role ကောင်းကောင်းတွေလည်းရခဲ့ပါတယ်။

Birdman or (The Unexpected Virtue of Ignorance) မှာတော့ စပြီး ၂၀၁၅ အတွက် အကောင်းဆုံးဇာတ်ပို့ဆု , ၂၀၁၉ မှာ The Favorite အတွက် အကောင်းဆုံးဇာတ်ပို့ဆုတို့ ၊ ဆန်ကာတင်ရရှိခဲ့ပြီးတော့ အခုဆို ၂၀၁၇ ခုနှစ်မှာ La La Land အတွက် အကောင်းဆုံး ဇာတ်ဆောင်ဆု ၊ ၂၀၂၄ ခုနှစ်မှာ Poor Things နဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု ထပ်ရထားပါတယ်။
ဒီကျိန်စာကိုကျော်နိုင်ခဲ့တဲ့ တခြားသူတွေရှိပေမဲ့ Emma Stone ကတော့ ကျိန်စာပါကျော်နိုင်ခဲ့တဲ့အပြင် အော်စကာ အကောင်းဆုံးဇာတ်ဆောင်ဆု ၂-ဆုရတဲ့အထိ ဖြစ်လာတဲ့ ပထမဆုံးမင်းသမီးပါပဲ။
#xda77 #xda77digital