ရီးရဲလ်အသင်းမှာ ပွဲထွက်ခွင့်ပြတ်လပ်နေတဲ့အပေါ် ဖွင့်ဟပြောကြားလာတဲ့ အန်းဒရစ်ခ်

အန်းဒရစ်ခ် ရီးရဲလ်အသင်း

ရီးရဲလ်အသင်းစတား အန်းဒရစ်ခ်က အသင်းမှာ ပွဲထွက်ခွင့်ပြတ်လပ်နေတဲ့အပေါ် ဖွင့်ဟပြောကြားလာပါတယ်။ အန်းဒရစ်ခ်ဟာ တောင်အမေရိကရဲ့ အလားအလာအရှိဆုံးကစားသမားအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပွဲဦးထွက်ရာသီမှာတင် ပွဲထွက်ခွင့် ပြတ်လပ်နေပြီး အသင်းမှာ ဘာပေ ၊ ဗင်နီဆီးယက်စ် ၊ ရိုဒရီဂိုတို့ရှိနေတာကြောင့် နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်သားဟာ ပွဲထွက်ခွင့်ပြတ်လပ်နေပေမဲ့ ရရှိလာတဲ့အချိန်တိုအတွင်းမှာ ခြေစွမ်းကောင်းပြသထားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၀၀ မိနစ်သာ ပါဝင်ခွင့်ရရှိထားခဲ့ပေမဲ့ အန်းဒရစ်ခ်တစ်ယောက် မိနစ် ၈၀ တိုင်းမှာ ၁ ဂိုးသွင်းယူထားကာ လက်ရှိ ၅ ဂိုးသွင်း ယူထားနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ဆယ်လ်တာနဲ့ ကိုပါဒယ်ရေး ၁၆ သင်းအဆင့်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

“ဒီမှာ နာမည်ကျော်တွေနဲ့အတူ ကစားရတာက တကယ်ကောင်းပါတယ်။ ကိုယ့်ဘေးမှာ နာမည်ကျော်တွေနဲ့ဝိုင်းနေပြီး ကူညီပေးနေပါတယ်။
ဒါပေမဲ့ ကျွန်တော် တိုးတက်ဖို့ လေ့ကျင့်ခန်းတိုင်းမှာ သေချာလေးလုပ်ဆောင်ပါတယ်။ ပွဲတွေမှာတင်မဟုတ်ဘဲ လေ့ကျင့်ခန်း အစီအစဉ်မှာပါ ကျွန်တော် အကောင်းဆုံးလုပ်ဆောင်ပါတယ်။ ရီးရဲလ်အသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာပါ။ ဒါပေမဲ့ အဲ့တာက စိန်ခေါ်မှုတစ်ခုပါ” လို့ အန်းဒရစ်ခ်က ပြောကြားခဲ့ပါတယ်။

အန်းဒရစ်ခ်ဟာ လာမဲ့ ဂီရိုနာနဲ့ပွဲမှာ ပွဲထွက် ခွင့်မိနစ်အနည်းငယ် ပါဝင်ခွင့်ရလာဖွယ်ရှိနေပါတယ်။

Source : sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *