မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီမီညိုကို မန်စီးတီးထံ လက်လွှတ်ခဲ့ရပြီးနောက် လိုက်ပ်ဇစ်တောင်ပံကစားသမား ယန်ဒီအိုမန်ဒီကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆီမီညိုဟာ လာမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ထက် မန်စီးတီးကို ပြောင်းရွှေ့ဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရူဘင်အာမိုရင်ရဲ့အသင်းဟာ အခြားရွေးချယ်စရာတွေကို ရှာဖွေခဲ့ရပြီး လိုက်ပ်ဇစ်ရဲ့ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမား ဒီအိုမန်ဒီက ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းမှာ ထိပ်ဆုံးက ရှိနေတယ်လို့ GIVEMESPORT က ဖော်ပြပါတယ်။
ဒီအိုမန်ဒီဟာ ဂျာမနီမှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၇ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။
အလားအလာရှိတဲ့ ဒီတောင်ပံကြယ်ပွင့်ကစားသမားအတွက် လိုက်ပ်ဇစ်က ပေါင် ၈၇ သန်း တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Source : https://strettynews.com




