ဖီယင်နု ဝ-၂ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
အခုပွဲစဉ်အတွင်း အိမ်ရှင်ဖီယင်နုရော၊ ဧည့်သည်အက်စတွန်ဗီလာပါ ရေကုန်ရေခမ်းအားထုတ်ယှဉ်ပြိုင်ခဲ့လို့ အကြိတ်အနယ်ရှိတဲ့ပြိုင်ဆိုင်မှုတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဧည့်သည်တွေအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန်ဒုတိယပိုင်းမိနစ်တွေမှာ ဘူအမ်ဒီယာနဲ့ မက်ဂင်းတို့က သွင်းယူပေးခဲ့ပါတယ်။
တဖက်မှာလည်း နည်းပြဗန်ပါစီဦးဆောင်လာတဲ့ ဖီယင်နုက ဂိုးသွင်းယူနိုင်ရေးအစွမ်းကုန်အားထုတ်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအာနည်းမှုနဲ့အတူ ပြိုင်ဘက်ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့လို့ အိမ်ကွင်းအရှုံးရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
Source : vavel.com