တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ FIFTY FIFTY သည် ၎င်းတို့၏ ပထမဆုံး အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်အတွက် ပြင်ဆင်မှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
နာမည်ကြီး SOS သီချင်းဖြင့် အောင်မြင်စွာ comeback လုပ်နိုင်ခဲ့ပြီးနောက် ကီနာနှင့် အဖွဲ့ဝင်အသစ်များဖြစ်သော ချန်နဲမွန်း၊ ယီဝွန်း၊ ဟာနာနှင့်အသီနာတို့ပါဝင်သည့် FIFTY FIFTY အဖွဲ့သည် ၎င်းတို့၏ထူးခြားသောစတိုင်နှင့် အသံများဖြင့် အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပရိသတ်များကို ဖျော်ဖြေရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

FIFTY FIFTY အဖွဲ့၏ အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်သည် လာမည့်နိုဝင်ဘာလ(၂၇)ရက်တွင် ဆန်ဖရန်စ္စကိုမြို့မှာ စတင်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့နောက် FIFTY FIFTY အဖွဲ့သည် လော့အိန်ဂျလိစ်၊ ဖီးနစ်၊ ဟူစတန်၊ ဒဲလ်လက်စ်၊ ချီကာဂို၊ အတ္တလန်တာ နှင့် နယူးယောက်မြို့တို့တွင် ဖျော်ဖြေပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၆)ရက်တွင် ၎င်းတို့၏အမေရိကန်ဖျော်ဖြေပွဲခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။
ထို့ပြင် ၎င်းတို့၏ပရိသတ်များသည်လည်း FIFTY FIFTY ၏ အဖွဲ့ဝင်ပြောင်းလဲမှုများနှင့် အောင်မြင်မှုများ၏ နောက်ဆက်တွဲဖြစ်သည့် အဆိုပါခရီးစဉ်ကို စိတ်အားထက်သန်စွာစောင့်မျှော်နေကြကြောင်းလည်း သိရသည်။ FIFTY FIFTY အဖွဲ့၏ ဖျော်ဖြေပွဲလုပ်မည့်ရက်များမှာ ဆန်ဖရန်စ္စကိုမြို့(နိုဝင်ဘာလ(၂၇)ရက်)၊ လော့စ်အိန်ဂျလိစ်မြို့(နိုဝင်ဘာလ (၂၉) ရက်)၊ ဖီးနစ်မြို့(ဒီဇင်ဘာလ(၁)ရက်)၊ဟူစတန်မြို့(ဒီဇင်ဘာလ(၃)ရက်)၊ ဒဲလ်လက်စ်မြို့(ဒီဇင်ဘာလ(၅)ရက်)၊ ချီကာဂိုမြို့(ဒီဇင်ဘာလ(၁၀)ရက်)၊ အတ္တလန်တာမြို့ (ဒီဇင်ဘာလ(၁၃)ရက်)၊ နယူးယောက်မြို့(ဒီဇင်ဘာလ(၁၆)ရက်)တို့ဖြစ်ကြောင်းသိရသည်။
Source : koreajoongangdaily.joins.com
#xda77 #xda77digital #FIFTYFIFTY #အမျိုးသမီးအဆိုတော်