ဒိုင်နိုဆောဝတ်စုံဝတ်ထားသူ (၅၀၀)ခန့်ဖြင့် ဂင်းနစ်စံချိန်ချိုးဖျက်တဲ့ အမေရိကန်က ပြတိုက်

ဒိုင်နိုဆောဝတ်စုံဝတ်ထားသူ (၅၀၀)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ပြတိုက်တစ်ခုသည် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန်အတွက် ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ထားသော လူပေါင်း (၄၆၈) ဦး ကို စုစည်းခဲ့ကြောင်းသိရသည်။

Cox Science Center and Aquarium ပြတိုက်သည် West Palm Beach မြို့၏ Screen on the Green တွင် ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ထားသည့်လူများ အများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန်ကို ရယူနိုင်ရန်အတွက် West Palm Beach မြို့တွင် လူများကို စုစည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသည်မှာ လော့စ်အိန်ဂျလိစ်မြို့တွင်ကျင်းပခဲ့သော ပွဲတော်တစ်ခုဖြစ်ကြောင်းသိရသည်။ ယင်းပွဲတော်သည် (၂၀၁၉)ခုနှစ်တွင် လော့စ်အိန်ဂျလိစ်မြို့တွင် ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ထားသော လူပေါင်း(၂၅၂)ဦးကို စုဆောင်းခဲ့ပြီးနောက် ဒိုင်နိုဆောဝတ်စုံ ဝတ်ဆင်ထားသည့်လူများ အများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန် ကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဖလော်ရီဒါပြည်နယ်ရှိ ပြတိုက်တစ်ခုက ဒိုင်နို ဆောဝတ်စုံဝန်ဆင်ထားသော လူပေါင်း (၄၆၈)ဦးကို စုဆောင်းခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ်မြို့က တင်ထားသော ဂင်းနစ်စံချိန်ကို ချိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဂင်းနစ်စံချိန်အတွက် ကြိုးပမ်းမှုကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒိုင်နိုဆော ဝတ်စုံဝတ်ဆင်ထားသည့်လူများ အများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ကြောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

Cox Science Center and Aquarium ပြတိုက်က “ကျွန်တော်တို့လုပ်နိုင်ခဲ့ပါပြီ။ ဒီဂင်းနစ်စံချိန်ကိုရရှိဖို့အတွက် ပါဝင်ကူညီပေးခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပါဝင်ကူညီ သူတွေမရှိဘဲ ဒီဂင်းနစ်စံချိန်ကို ကျွန်တော်တို့ ချိုးဖျက်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့အတူ သမိုင်းသစ်တစ်ခုကို ဖန်တီးဖို့အတွက် လာရောက်ခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်” ဟုရေးသားဖော်ပြခဲ့သည်။

Source : independent.ng

Leave a Reply

Your email address will not be published. Required fields are marked *