၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နေ့အတွက် ထိပ်တန်းလိဂ် ၃ ခုမှ ပွဲကြိုသုံးသပ်ချက်နှင့် ဘောလုံးခန့်မှန်းချက်များ

ထိပ်တန်းလိဂ် ၃ ခုမှ ပွဲကြိုသုံးသပ်ချက်နှင့် ဘောလုံးခန့်မှန်းချက်များ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာကစားမဲ့ ဥရောပထိပ်တန်းလိဂ် ၃ ခုဖြစ်တဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်အီတလီ စီးရီးအေနဲ့ စပိန် လာလီဂါတို့က စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ် ၄ ပွဲကို သုံးသပ်တင်ပြပေးချင်ပါတယ်။

၁။ ရီးရဲလ် မက်ဒရစ် (အဆင့် ၂) နှင့် ရာယို ဗယ်လီကာနို (အဆင့် ၁၆)

စပိန် လာလီဂါ / မြန်မာစံတော်ချိန် ည ၂:၃၀ နာရီ

လာလီဂါမှာ ရီးရဲလ် မက်ဒရစ်ရဲ့ လက်ရှိခြေစွမ်းက တကယ်ကို အားရစရာကောင်းနေပါတယ်။ အလာဗတ်စ်၊ ဆီဗီလာ၊ ရီးရဲလ် ဘက်တစ်၊ လီဗန်တေးနဲ့ ဗီလာရီးရဲလ်တို့ကို ၅ ပွဲဆက်တိုက် အနိုင်ရထားပြီး ဘာစီလိုနာနဲ့ အမှတ်ပြိုင်လုနေတာပါ။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ဥရောပပွဲစဉ်မှာ ဘင်ဖီကာကို ၄-၂ နဲ့ ရှုံးထားတာကြောင့် စိတ်ဓာတ်ပိုင်း ပြန်ပြင်ဖို့တော့ လိုနေပါတယ်။

ရာယို ဗယ်လီကာနိုနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရီးရဲလ်က ၄၇ ပွဲမှာ ၃၃ ပွဲအထိ အနိုင်ရထားပြီး အပြတ်အသတ် အသာစီးရထားပါတယ်။ ဒါပေမဲ့ နောက်ဆုံးတွေ့ထားတဲ့ ၇ ပွဲမှာ ရီးရဲလ်က ၂ ပွဲပဲ နိုင်ခဲ့ပြီး ကျန် ၅ ပွဲမှာ ၄ ပွဲအထိ သရေကျခဲ့တာ သတိထားရပါမယ်။ အခုရာသီ ပထမအကျော့မှာလည်း ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ရီးရဲလ်ဘက်မှာ ထရန့် အလက်ဇန္ဒား အာနိုး၊ အီဒါ မီလီတာအို၊ ဖာလန် မန်ဒီနဲ့ အန်တိုနီယို ရူဒီဂါတို့ ဒဏ်ရာကြောင့် လွဲပါမယ်။ ဒါပေမဲ့ ဂျုဒ် ဘယ်လင်ဂမ်၊ ကိုင်လီယန် ဘတ်ပီနဲ့ ဗီနီစီးယက်စ် ဂျူနီယာတို့က တိုက်စစ်ကို ဦးဆောင်သွားမှာပါ။ ရာယို ဗယ်လီကာနိုကတော့ နောက်ဆုံး ၂ ပွဲဆက် ရှုံးထားပြီး တန်းဆင်းဇုန်နား ရောက်နေပါတယ်။ ဒဏ်ရာရနေတဲ့ အဗ္ဗဒူ မူမူနီနဲ့ အန်ဒရီ ရာတီယူတို့ကို လွဲမှာဖြစ်ပေမဲ့ ၁၀ ဂိုးသွင်းထားတဲ့ အယ်လ်ဗာရို ဂါစီယာကိုတော့ အားကိုးရပါလိမ့်မယ်။

၂။ မန်ချက်စတာ ယူနိုက်တက် (အဆင့် ၄) နှင့် ဖူလ်ဟမ် (အဆင့် ၇)

အင်္ဂလိပ် ပရီးမီးယားလိဂ် / မြန်မာစံတော်ချိန် ည ၃:၃၀ နာရီ

မိုက်ကယ် ကာရစ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ အာဆင်နယ်ကို ဆက်တိုက်အနိုင်ယူပြီး ခြေစွမ်းတက်နေပါတယ်။ အာဆင်နယ်ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ပွဲအပါအဝင် လိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ အဆင့် ၄ နေရာကို အပိုင်ကိုင်ထားပါတယ်။

ယူနိုက်တက်ရဲ့ အားသာချက်က ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တာနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ခံစစ်ကျစ်လျစ်နေတာပါပဲ။ ဒါပေမဲ့ အားကိုးရတဲ့ ပက်ထရစ် ဒေါ်ဂူက ဒဏ်ရာကြောင့် နားရမှာဖြစ်သလို မက်သစ် ဒီလစ်နဲ့ ဂျိုရှူအာ ဇက်ဇီးတို့လည်း မပါနိုင်ပါဘူး။ ဒါကြောင့် မာသီးယပ်စ် ကွန်ညာ ဒါမှမဟုတ် ဘရိုင်ယန် အမ်ဘီယူမိုတို့ အစားဝင်လာဖို့ ရှိပါတယ်။

ဖူလ်ဟမ်ကလည်း နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲပဲ ရှုံးထားပြီး ဥရောပဝင်ခွင့်ကို မျှော်လင့်နေပါတယ်။ အဝေးကွင်းခြေစွမ်း တိုးတက်လာပေမဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ဆုံးအကြိမ် ၂၀ မှာ ၁ ပွဲပဲ နိုင်ဖူးတဲ့ မှတ်တမ်းဆိုးရှိပါတယ်။ ဖူလ်ဟမ်ဘက်မှာ ရိုဒရီဂို မူးနစ်နဲ့ ဆာဆာ လူကစ်တို့ လွဲမှာဖြစ်ပေမဲ့ ဟယ်ရီ ဝီလ်ဆင်နဲ့ အဲလက်စ် အီဝိုဘီတို့က ယူနိုက်တက်ကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။

၃။ တော့တင်ဟမ် ဟော့စပါး (အဆင့် ၁၄) နှင့် မန်ချက်စတာ စီးတီး (အဆင့် ၂)

အင်္ဂလိပ် ပရီးမီးယားလိဂ် / မြန်မာစံတော်ချိန် ည ၆:၀၀ နာရီ

သောမတ်စ် ဖရန့်ခ်ရဲ့ စပါးအသင်းဟာ ၂၀၂၆ ခုနှစ်ထဲမှာ နိုင်ပွဲလုံးဝမရသေးဘဲ ရုန်းကန်နေရပါတယ်။ နောက်ဆုံးပွဲမှာလည်း ဘန်လေနဲ့ ၂-၂ သရေကျခဲ့ပြီး အဆင့် ၁၄ အထိ ဆင်းသွားပါတယ်။ ဥရောပပွဲတွေမှာ ရလဒ်ကောင်းပေမဲ့ လိဂ်ထဲမှာတော့ အိမ်ကွင်းရလဒ်က တော်တော်လေး ဆိုးနေတာပါ။

စပါးအတွက် သတင်းကောင်းကတော့ မစ်ကီ ဗန်ဒီဗင်၊ ကော်နာ ဂယ်လက်ဂါနဲ့ ယဗ် ဘစ်သူမာတို့ ပြန်ပါလာနိုင်တာပါပဲ။ ဒါပေမဲ့ ဂျိမ်းစ် မက်ဒီဆင်၊ ကူလူဆက်ဗ်စကီး အပါအဝင် အဓိကလူတော်တော်များများ ဒဏ်ရာရနေဆဲပါ။ မန်စီးတီးကတော့ ဝုဗ်နဲ့ ဂါလာတာစာရေးကို အနိုင်ရပြီး အရှိန်ပြန်ရနေပါပြီ။

စီးတီးက အာဆင်နယ်ကို ဖိအားပေးဖို့ စပါးကွင်းမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရအောင် ကြိုးစားလာမှာပါ။ ရိုဒရီ ပြန်ပါလာပေမဲ့ ဂျရမီ ဒိုကူနဲ့ ရူဘင် ဒီယက်စ်တို့ ဒဏ်ရာကြောင့် လွဲပါမယ်။ စပါးဟာ ဂွါဒီယိုလာအတွက် အမြဲခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ပေမဲ့ လက်ရှိပုံစံအရ စီးတီးက ပိုပြီးသေချာပါတယ်။

၄။ ပါးမား (အဆင့် ၁၅) နှင့် ဂျူဗင်တပ်စ် (အဆင့် ၅)

အီတလီ စီးရီးအေ / မြန်မာစံတော်ချိန် နံနက် ၉:၁၅ နာရီ

ဂျူဗင်တပ်စ်က နောက်ဆုံးပွဲမှာ နာပိုလီကို ၃-၀ နဲ့ အပြတ်အသတ်နိုင်ပြီး အိမ်ကွင်းရှုံးပွဲမရှိသေးပါဘူး။ စပဲလက်တီလက်ထက်မှာ ဂျူဗင်တပ်စ်က ခံစစ်အကောင်းဆုံးအသင်းဖြစ်လာပြီး ၁၃ ပွဲမှာ ၈ ဂိုးပဲ ပေးရပါသေးတယ်။

ပါးမားကတော့ ၃ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ တန်းဆင်းဇုန်နား ရောက်နေပါတယ်။ တိုက်စစ်မှူး မက်တီယို ပယ်လီဂရီနို တစ်ယောက်တည်းကိုပဲ အားကိုးနေရတာက သူတို့အတွက် အခက်အခဲပါပဲ။ ဂျူဗင်တပ်စ်ဘက်မှာ ဗလာဟိုဗစ် မပါနိုင်ပေမဲ့ လိုကာတဲလီနဲ့ ယေလ်ဒစ်တို့ ရှိနေတာကြောင့် ပါးမားကို အသာရဖို့ များပါတယ်။

Source : https://en.thairath.co.th

Leave a Reply

Your email address will not be published. Required fields are marked *