ဂါနာချို ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆက်လက် ရှာဖွေနေတာကြောင့် နောက်ရာသီမှာ ဘယ်လိဂ်မှာကစားချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလို့ သတင်းတွေက ဖော်ပြပါနေတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ယူရိုပါလိဂ် ဖိုင်နယ်မှာရှုံးနိမ့်ခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဂါနာချို က ယူနိုက်တက်ရဲ့ရာသီကို ညံ့ဖျင်းတယ်လို့ နောက်ပိုင်းမှာ ပြောခဲ့ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ အစ်ကိုကတော့ မန်နေဂျာ ရူဘင်အာမိုရင် က သူ့ညီကို ‘စွန့်ပစ်ခဲ့တာ’ လို့ ဆိုပါတယ်။ Mail Sport က ပြီးခဲ့တဲ့လမှာ ဖော်ပြခဲ့တာကတော့ အမ်မိုရင် က ဂါနာချိုရဲ့ မှတ်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ယူနိုက်တက်လေ့ကျင့်ရေးကွင်းတွင် အသင်းဖော်တွေရှေ့မှာ ကလပ်အသစ်ရှာဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
ဂါနာချို ကို စိတ်ဝင်စားတဲ့အသင်းတွေ မနည်းပေမဲ့ သူဟာ ယူနိုက်တက်ကနေ ဈေးပေါပေါနဲ့ ထွက်ခွာမှာမဟုတ်ပါဘူး။ ယူနိုက်တက်ဟာ အသက် ၂၀ နှစ်အရွယ် ကစားသမားကို ပေါင် သန်း ၇၀ တန်ဖိုး သတ်မှတ်ထားပါတယ်။
အဲဒီလို များပြားတဲ့ပမာဏကြောင့် လေဗာကူဆင် က နောက်ဆုတ်သွားပြီလို့ သတင်းတွေကဆိုပါတယ်။ ဒါပေမဲ့ ဒါဟာ အင်္ဂလန်မှာ ဆက်နေဖို့ ရှာဖွေနေတဲ့ ဂါနာချို အတွက် ပြဿနာဖြစ်မှာမဟုတ်ပါဘူး။ ဖာဘရီဇီယို ရိုမာနို ရဲ့ အဆိုအရ ဂါနာချိုရဲ့ ဦးစားပေးကတော့ ပရီးမီးယားလိဂ် မှာ ဆက်နေဖို့ပါပဲ။ Mail Sport ကတော့ ချဲလ်ဆီး ၊ အက်စတွန် ဗီလာ နဲ့ တော့တင်ဟမ် တို့အားလုံးဟာ တောင်ပံ ကစားသမားကို စောင့်ကြည့်နေတယ်လို့ ယူဆထားပါတယ်။
နာပိုလီ ကလည်း ၂၀၂၄-၂၅ ရာသီမှာ ချန်ပီယံဖြစ်တဲ့ စွမ်းဆောင်ရည်ကို တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် အာဂျင်တီးနား ကစားသမားကို စိတ်ဝင်စားနေပါတယ်။ ပြီးခဲ့တဲ့လက ဂါနာချို ကို နည်းပြက အသင်းဖော်တွေရှေ့မှာ ကလပ်အသစ်ရှာဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ တော့တင်ဟမ်နှင့်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ အရန်ခုံမှာထိုင်ခဲ့ရလို့ သူ့ရဲ့ နည်းပြအပေါ် ဒေါသထွက်ခဲ့ပြီးနောက် အခြေအနေတွေဟာ ပိုပြီး တင်းမာလာခဲ့ပါတယ်။ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂါနာချိုဟာ အရန်ခုံကနေ မိနစ် ၂၀ ပဲ ပါဝင်ကစားခဲ့ရပြီး အာဂျင်တီးနား ကစားသမားဟာ နည်းပြအပေါ် စိတ်ပျက်ဒေါသထွက်နေတာကို မဖုံးကွယ်နိုင်ခဲ့ဘဲ ကလပ်အတွက် ညံ့ဖျင်းတဲ့ ရာသီဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
သူ့ရဲ့ အေးဂျင့်ဖြစ်သူ အစ်ကိုကတော့ ပေါ်တူဂီနည်းပြက တောင်ပံကစားသမားကို စွန့်ပစ်ခဲ့တာလို့ အင်စတာဂရမ် ပို့စ်မှာတင်ခဲ့ပြီး မီးကိုလောင်စာထပ်ဖြည့်သလို လုပ်ခဲ့ပါတယ်။ ဂါနာချိုဟာ သူ့ရဲ့ အသက်အရွယ်အရ ဒီနွေရာသီမှာ ယူနိုက်တက် ရောင်းထုတ်နိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ စာချုပ်သက်တမ်းကလည်း သုံးနှစ်ကျန်ရှိနေပါသေးတယ်။
အာမိုရင်က အသင်းကို အကြီးအကျယ်ပြောင်းလဲလိုပြီး မာကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ နဲ့ ဂျေဒန် ဆန်ချို တို့လို ကစားသမားတွေဟာ ဂါနာချို နောက်ကနေထွက်ရဖွယ်ရှိနေပါတယ်။ အဲရစ်ဆင် ၊ ဂျွန်နီ အီဗန် နဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့အားလုံးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်အသစ် ကမ်းလှမ်းမခံရဘဲ ကလပ်ကနေ ထွက်ခွာခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ ကာလဖွင့်တဲ့နေ့မှာ မက်သီးယက်စ် ကွန်ဟာ ကို ပေါင် ၆၂.၅ သန်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ပထမဆုံး ခေါ်ယူမှုကို ပြုလုပ်ခဲ့ပြီးပါပြီ။ ယူနိုက်တက်ဟာ ဘရိုင်ယန် အမ်ဘူမို နဲ့ ဗစ်တာ ရောကရက်စ် တို့ကိုလည်း အမ်မိုရင်ရဲ့တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အမ်ဘူမို နဲ့ ရောကရက်စ် နှစ်ဦးစလုံးဟာ ပေါင် ၆၀ သန်းကျော်ကုန်ကျနိုင်တာကြောင့် ယူနိုက်တက်က ရောင်းချမှုကနေ ငွေရှာဖို့လိုအပ်နေပြီး ဂါနာချို ထံကနေ များပြားတဲ့အပြောင်းအရွှေ့ကြေးကို ရရှိနိုင်ပါတယ်။
Source : www.mirror.co.uk