The Hollywood Reporter ရဲ့တင်ပြချက်အရ UCLA (University Of California, Los Angeles) ကနေ အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား လူငယ်ပေါင်း ၁၅၀၀ ကို ဟောလိဝုဒ်ရဲ့ လိင်အသားပေးဇာတ်ဝင်ခန်းတွေနဲ့ပက်သက်လို့ စစ်တမ်းကောက်ယူရာမှာ အောက်ပါရလဒ်တွေကို ရရှိခဲ့ပါတယ်။
ခြုံငုံပြီးရယူထားတဲ့စစ်တမ်းအရ 51% ဟာ တဏှာကင်းတဲ့ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းအချစ်တွေကို ကြည့်ခြင်းကြောင်းသိရတယ်။
47.5% ဟာ လိင်အသားပေးဇာတ်ဝင်ခန်းတွေအနေနဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေမှာ လုံးဝမလိုအပ်ကြောင်း၊ 44% ဟာ Romance ကိုအသုံးချမှုလွန်ကဲနေကြောင်း၊ နောက်ထပ် 44% ဟာ အပေါ်ကထွက်ဆိုချက်တွေကိုထောက်ခံထားပြီး သူတို့အနေနဲ့ အွန်လိုင်းဒိတ်တင်းသွားမဲ့အစား အိမ်သာပဲဆေးလိုက်မည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူရရှိထားပါတယ်။
ဒီကိစ္စနဲ့မပက်သက်ပဲ ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ပက်သက်တဲ့စစ်တမ်းတွေအရ 56% ဟာ Remake တွေ၊ Franchise ကြီးတွေ၊ Adaptation တွေအစား မူရင်းဇာတ်လမ်းတွေကိုကြည့်ချင်ကြပါတယ်။ ဒါကအသက်ကြီးတဲ့လူတွေနဲ့ တူနေတဲ့အချက်တစ်ချက်ပါတဲ့။
အခြားရှာဖွေတွေ့ရှိချက်တွေအရ လူမျိုးခြားတွေကို မကောင်းတဲ့ဗီလိန်တွေအဖြစ် ပုံသေကားချပ်ကြီးအတိုင်းပုံဖော်တာမကြိုက်ကြောင်း၊ Gen Z တွေအနေနဲ့ Authentic အဖြစ်ဆုံးမီဒီယာကို Google အစား TikTok ဖြစ်ကြောင်း၊ ဇာတ်လမ်းတွေမှာ တော်တော်များများကြိုက်နှစ်သက်ကြတာဟာ မျှော်လင့်ချက်အပြည့်နဲ့ စိတ်ခွန်အားပေးနိုင်မဲ့ ဇာတ်လမ်းတွေဖြစ်ကြောင်း စသဖြင့်လဲ ပါဝင်နေပါတယ်။
အပြင်လောကမှာလဲ Gen Z တွေရဲ့ လိင်မှုကိစ္စရေးရာဟာ အသက် ၃၀၊ ၄၀ ဝန်းကျင်လူကြီးတွေလောက်တောင် လှုပ်ရှားမှုမရှိကြတော့ဘဲ နှစ်ပိုင်းအတွင်းလျော့ကျလာနေကြောင်း Psychology Today ရဲ့ တင်ပြချက်အရသိရှိရပါတယ်။
ဒီစစ်တမ်းဟာ Jennifer Lawrence ရဲ့ No Hard Feelings ရုပ်ရှင်မှ အဖော်အချွတ်ဇာတ်ဝင်ခန်းအပြီး အင်တာနက်ပေါ်မှအငြင်းပွားမှုများအရ စတင်ခဲ့တာဖြစ်ပါတယ်။

Source: hollywoodreporter.com
#xda77 #xda77digital