ဘာစီလိုနာအသင်းက ဆုဖလားတွေသိမ်းပိုက်ဖို့ လုံလောက်တဲ့အဆင့်မှာရှိနေတယ်လို့ဆိုလာတဲ့ ပီကေး

ဘာစီလိုနာအသင်းက ဆုဖလားတွေသိမ်းပိုက်ဖို့ လုံလောက်တဲ့အဆင့်မှာရှိနေတယ်လို့ဆိုလာတဲ့ ပီကေး

ဘာစီလိုနာအသင်းက ဆုဖလားတွေသိမ်းပိုက်ဖို့ လုံလောက်တဲ့အဆင့်မှာရှိနေတယ်လို့ဆိုလာတဲ့ ပီကေး

ယခု ၂၀၂၄-၂၅ ရာသီအစမှာ အခြေအနေကောင်းနေပြီး လာလီဂါ ၄ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ ဘာစီလိုနာအသင်းဟာ အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့လူအင်အားရှိတယ်လို့ နောက်ခံကစားသမားဟောင်း ဂျရတ်ပီကေးက ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

နည်းပြသစ် ဟန်ဆီဖလစ်ရဲ့လက်အောက်မှာ တည်ငြိမ်တဲ့ခြေစွမ်းနဲ့အတူ အနိုင်ရလဒ်တွေတောက်လျှောက်ဖော်ဆောင်ထားနိုင်တဲ့ဘာစီလိုနာဟာ ပြီးခဲ့တဲ့စနေနေ့က လာလီဂါပွဲစဉ်မှာလည်း ဗယ်လာဒိုးလစ်ကို ၇-၀ နဲ့ဂိုးပြတ်အနိုင်ယူတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ စပိန်လက်ရွေးစင်နောက်ခံလူဟောင်း ပီကေးက သူ့ရဲ့အသင်းဟောင်းဟာ ကောင်းမွန်တဲ့အခြေအနေမှာရှိနေပြီး ဒီရာသီမှာ ဆုဖလားတွေပြန်လည်ဆွတ်ခူးနိုင်ဖို့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားလာခဲ့ပါတယ်။ 

ပီကေးက “လက်တလောမှာတော့ သူတို့ရဲ့ကစားပုံကအရမ်းကောင်းနေပြီး စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ပါတယ်။ ကစားသမားသစ်တွေကလည်း အသင်းနဲ့အံဝင်ခွင်ကျဖြစ်နေပါတယ်။
ဥပမာ အိုလမိုဆိုရင် ၂ ပွဲဆက်တိုက်ခြေစွမ်းပြခဲ့တာပါ။ လူငယ်ကစားသမားလေးတွေကလည်း ရာသီကြိုမှာခြေစွမ်းပြထားပြီး အခုလည်း အသင်းနဲ့ အကောင်းဆုံးပေါင်းစပ်ထားနိုင်ပါတယ်။ သူတို့ကိုကြည့်ရတာ ပွဲတွေအများကြီးကစားထားသလိုပါပဲ။ အသင်းက ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့အဆင့်မှာရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဂျရတ်ပီကေး

လက်ရှိအချိန်မှာတော့ နိုင်ငံတကာပွဲစဉ်တွေကစားနေကြောင့် လာလီဂါပွဲစဉ်တွေကို ရပ်နားထားပြီး လာမယ့်စက်တင်ဘာက ၁၅ ရက်နေ့မှာတော့ ဘာစီလိုနာဟာ ဂျီရိုနာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Source: barcablaugranes.com

#xda77 #xda77digital #လာလီဂါ #ဘာစီလိုနာ #ပီကေး

Leave a Reply

Your email address will not be published. Required fields are marked *