ချဲလ်ဆီးရဲ့ပေါင် ၃၇ သန်းတန် ‘ဟာတို’ကို ချီးကျူးလိုက်တဲ့ ‘အဲရစ်တန်ဟက်’

ဟာတို'ကို ချီးကျူးလိုက်တဲ့ 'အဲရစ်တန်ဟက်'

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က အေဂျက်စ်ကနေ ဟာတို ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာတိုဟာ သောကြာနေ့ညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။

ဟာတိုဟာ နယ်သာလန် လက်ရွေးစင်အတွက် ခြောက်ပွဲ ကစားထားပြီး ဖြစ်ကာ ဒတ်ခ်ျ ဘောလုံးလောကရဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရပါတယ်။

အေဂျက်စ် နည်းပြဟောင်းဖြစ်ပြီး လက်ရှိ လေဗာကူဆင်ကို ကိုင်တွယ်နေတဲ့ အဲရစ် တန်ဟက်ဂ် က ဟာတိုဟာ အီရီဒီဗီစီမှာ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးမှာ အောင်မြင်ဖို့ မှန်ကန်တဲ့ စိတ်ဓာတ်ရှိတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“သူ အေဂျက်စ်မှာ ကျွန်တော့်ကို လွမ်းနေမယ်ဆိုတာ သေချာပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ဟာ နောက်ဆုံး နှစ်အနည်းငယ်အတွင်းမှာ ဖလားတွေ မရခဲ့လို့ပါ။ ဒါပေမဲ့ ကျွန်တော် ထွက်သွားချိန်မှာ သူ ရောက်လာခဲ့ပြီး အရမ်းကောင်းတဲ့ တိုးတက်မှုတွေ ရှိခဲ့တာကြောင့် အခု ချဲလ်ဆီးက သူ့ကို ခေါ်ယူသွားတာပါ”

“သူဟာ အီရီဒီဗီစီရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ဖြစ်ကောင်းဖြစ်နိုင်တာက အကောင်းဆုံး ကစားသမားပါပဲ”

“သူက အရမ်းငယ်သေးပေမဲ့ အရမ်းမြင့်မားတဲ့ အဆင့်မှာ ရှိနေပါပြီ။ သူ ချဲလ်ဆီးမှာ အောင်မြင်မယ်လို့ ကျွန်တော် သေချာပါတယ်”

“အချိန်အနည်းငယ် လိုအပ်နိုင်ပါတယ်၊ ဒါပေမဲ့ သူမှာ အရမ်းကောင်းတဲ့ စိတ်ဓာတ်ရှိပါတယ်၊ ဒါကြောင့် သူ အဲဒီမှာ အရမ်းမြန်မြန် တိုးတက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အရမ်းအောင်မြင်တဲ့ ကစားသမား ဖြစ်လာနိုင်တယ်ဆိုတာကို သက်သေပြဖို့ သူ့ရဲ့ ကစားပုံမှာ အရာအားလုံး ပါဝင်နေလို့ပါပဲ” လို့ တန်ဟက်ဂ်က ပြောပါတယ်။

ဟာတိုကို ဘယ်နောက်ခံလူထက် ဗဟိုခံစစ်ကစားသမားအဖြစ် ပိုမြင်ပါသလားဆိုတဲ့ မေးခွန်းကို တန် ဟက်ဂ်က “သူ နှစ်နေရာစလုံးမှာ ကစားနိုင်ပါတယ်။ သူ နှစ်နေရာစလုံးမှာ လုပ်ဆောင်နိုင်တယ်ဆိုတာကို အားလုံး မြင်ရပါလိမ့်မယ်”

“ဒီလို ကောင်းမွန်တဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးကို ကျွန်တော် ဂုဏ်ပြုပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်းရှိမလားလို့ မေးတဲ့အခါ တန် ဟက်ဂ်က “ရနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဒီရာသီ ဘယ်လိုတိုးတက်လာမယ်ဆိုတာကို အမြဲကြည့်ရပါလိမ့်မယ်၊ ဒဏ်ရာတွေအကြောင်းလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ကြီးမားတဲ့ လူစာရင်းရှိပါတယ်”

“အခုခင်များ မြင်တွေ့ရတဲ့ အသင်းအားလုံးက ဒီအပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်အတွက် အရမ်းများပြားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားကြပါတယ်။ အခုအချိန်မှာ အရမ်းကောင်းတဲ့ အသင်းတစ်ခုကို တည်ဆောက်နိုင်တဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ ပြီးရင် ဘယ်သူက မှန်ကန်တဲ့ပုံစံမှာ ရှိနေမလဲ၊ ဘယ်သူက မှန်ကန်တဲ့ ဦးတည်ချက်မှာ ရှိနေမလဲဆိုတာပေါ် မူတည်ပါတယ်”

“အခုအချိန်မှာ ဘယ်အသင်းကို အကြိုက်ဆုံးလဲဆိုတာ ပြောဖို့ အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ထင်တာက အခုအချိန်မှာ ငါးသင်း ဒါမှမဟုတ် ခြောက်သင်းက လိဂ်ဖလားကို ရယူနိုင်စွမ်းရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : bbc.com

Leave a Reply

Your email address will not be published. Required fields are marked *