ဘက်တစ်ကို အနိုင်ရပြီးနောက် ယာမယ်လ်ရဲ့နေရာပြောင်းကစားမှုအကြောင်း ပြောပြလာတဲ့ ဟန်စီဖလစ်ခ်

ယာမယ်လ်ရဲ့နေရာပြောင်းကစားမှုအကြောင်း ပြောပြလာတဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က ယနေ့နံနက် လာလီဂါပွဲစဉ်မှာ ဘက်တစ်ကို ၅-၃ နဲ့ အနိုင်ရပြီးနောက် တောင်ပံကစားသမား လမိုင်းယာမယ်လ်ရဲ့နေရာပြောင်းကစားမှုအကြောင်း ပြောပြလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဖာရန်တောရက်စ်က ဟက်ထရစ်သွင်းယူခဲ့ပြီး ရူနီဘားဒ်ဂီးနဲ့ ယာမယ်လ်တို့လည်း အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။
ဖလစ်ခ်ဟာ ဒီပွဲစဉ်မှာ ယာမယ်လ်ကို ကွင်းလယ်တိုက်စစ်နေရာကနေ ကစားစေခဲ့ပြီး အခုလိုအပြောင်းအလဲလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အကြောင်း ပြောကြားခဲ့ပါတယ်။
ဖလစ်ခ်က”ကျွန်တော် ယာမယ်လ်ကို ကောင်းကောင်းတွေ့ခဲ့ရတယ်၊ ခံစစ်မှာလည်း ကောင်းပါတယ်။ သူ ကျန်တဲ့အသင်းဖော်တွေနဲ့အတူ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့မှာရှိတဲ့ ရွေးချယ်စရာတွေထဲက တစ်ခုပါ။ ကျွန်တော်တို့ နည်းပြတွေနဲ့ ဆုံးဖြတ်ခဲ့တာပါ။
ကျွန်တော်တို့ သူ့ကို ‘၁၀ နံပါတ်’ နေရာကနေ ကစားချင်လားလို့မေးတဲ့အခါ သူက ကစားချင်ပါတယ်လို့ ပြောပါတယ်။ ဒီည ယာမယ်လ်ဆီက မြင်ခဲ့ရတဲ့အရာအားလုံးက ကောင်းပါတယ်။ ရူနီနဲ့ ဆက်သွယ်မှုကလည်း ကောင်းပါတယ်။ အရေးအကြီးဆုံးကတော့ သူ့ရဲ့ ခံစစ်ပါဝင်ကူညီမှုပါပဲ။ ဒါက မယုံနိုင်စရာပါပဲ”လို့ ပြောခဲ့ပါတယ်။
ဖလစ်ခ်က ဘက်တစ်ကို နောက်ကျသွင်းဂိုး နှစ်ဂိုးပေးခဲ့ရတဲ့အပေါ် စိုးရိမ်ခြင်းမရှိကြောင်း‌ ပြောခဲ့ပါတယ်။
ဖလစ်ခ်က”ပထမပိုင်းက အရမ်းကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နည်းနည်းပင်ပန်းခဲ့ကြတယ်။
ခံစစ်မှာတော့ ကျွန်တော်တို့ ပွဲရဲ့နောက်ဆုံးမိနစ်တွေကို ထိန်းချုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အကဲဖြတ်ရာမှာ အပြုသဘောဆောင်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့တာကို သုံးသပ်သွားမှာပါ။ အရေးကြီးတာကတော့ ကျွန်တော်တို့ နိုင်ခဲ့တာပါပဲ”လို့ ပြောခဲ့ပါတယ်။

Source : https://tribuna.com

Leave a Reply

Your email address will not be published. Required fields are marked *