မင်းသမီးဟွမ်ဂျောင်အန်နှင့် အားကစားသမားဖြစ်တဲ့ကင်ဂျွန်ဂယူတို့ဟာ မကြာသေးခင်မှတွဲဖို့အတွက်ပြင်ဆင်နေကြကြောင်းသတင်းတွေထွက်လာတာဖြစ်ပါတယ်။ မင်းသမီးဟာ ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့ သူတို့အိမ်ထောင်ရေးဟာ ထူးခြားတဲ့အကြောင်းအရာတွေရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန် ကလေးနှစ်ယောက်အမေဖြစ်တဲ့မင်းသမီးဟာ ကွာရှင်းဖို့အတွက်ပြင်ဆင်နေရင်း ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ ကင်ဂျွန်ဂယူနှင့်အတူ ချစ်သူတွေအဖြစ်စတင်ဖို့ကြိုးစားနေကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနှင့်ဖောက်ပြန်တယ်ဆိုပြီး သာမာန်အမျိုးသမီးတစ်ယောက်ကို စွပ်စွဲခဲ့တာကြောင့်လည်း မင်းသမီးဟာအတော်လေးဝေဖန်ခံခဲ့ရပါတယ်။

အခုလို အိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားမှာ မင်းသမီးရဲ့အချစ်ရေးသတင်းပေါ်ထွက်လာမှုဟာ ပရိတ်သတ်တွေကိုအတော်လေးစိတ်ပူစေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ချပြလိုက်ရတာကြောင့်နှစ်ဖက်လုံးဟာ ဖိအားတွေကိုခံစားရတယ်ဆိုတဲ့ အကြောင်းပြချက်နှင့်ပဲ တွဲနေကြောင်းကြေညာပြီး နှစ်ပတ်အကြာမှာ လမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။
Source : timesofindia.indiatimes.com
#xda77 #xda77digital