ဘင်ဖီကာအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုပြီးနောက် မော်ရင်ဟိုဟာ မိခင်မြေကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဘင်ဖီကာနဲ့အတူ နည်းပြဘဝစတင်ခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းဥက္ကဋ္ဌ နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ၁၀ ပွဲသာကိုင်တွယ်ပြီး ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
အသက် ၆၂ နှစ်သားဟာ ဘင်ဖီကာနည်းပြဟောင်း ဘရူနိုလာဂီနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပါတယ်။ ဘင်ဖီကာထံပြန်လာရလို့ ဝမ်းသာနေပေမဲ့ မော်ရင်ဟိုက ပေါ်တူဂီနည်းပြအလုပ်ကို စိတ်ဝင်စားနေဆဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
AVS အသင်းကိုအနိုင်ရပြီးနောက် မော်ရင်ဟိုက အင်တာဗျူးမှာ “ကျွန်တော် အရိုးသားဆုံးပြောရရင် ပေါ်တူဂီမြေကိုပြန်လာဖို့ အမြဲတမ်းတွေးနေတာပါ။ ဒါပေမဲ့ ကျွန်တော် နိုင်ငံအသင်းအတွက် ပြန်လာချင်တာပါ။ မကြာခင်မှာ နိုင်ငံအသင်းက ကြိုဆိုမယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲ့တာမလာခဲ့ရင် ကျွန်တော် အခြားအသင်းမကိုင်တွယ်တော့ပါဘူး။ တစ်နေ့မှာတော့ အဲ့တာဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့တာက ကျွန်တော့်နည်းပြဘ၀ သာမန်အကျိုးဆက်ပါ။ ဒါပေမဲ့ ဘင်ဖီကာအတွက် ပြန်ဖြစ်လာခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ဘင်ဖီကာကိုအရေးနိမ့်ပြီး ၁ လမကြာခင်မှာပဲ မော်ရင်ဟိုဟာ ဘင်ဖီကာနည်းပြသစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လာမဲ့အင်္ဂါနေ့မှာ ပေါ်တူဂီလိဂ်ပွဲအဖြစ် ရီယိုအေဗီအသင်းနဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် အသင်းဟောင်း ချဲလ်ဆီး နဲ့ မော်ရင်ဟိုတို့ ချန်ပီယံလိဂ်မှာ ပြန်ဆုံကြမှာဖြစ်ပါတယ်။
Source : skysport