အင်္ဂလန်အစား အခြားတစ်နိုင်ငံမှာကစားဖို့ နီးစပ်ခဲ့ကြောင်း ရွန်းနီ ထုတ်ဖော်ပြောကြား

အင်္ဂလန်အစား အခြားတစ်နိုင်ငံမှာကစားဖို့ နီးစပ်ခဲ့ကြောင်း ရွန်းနီ ထုတ်ဖော်ပြောကြား

အင်္ဂလန်အသင်းဂန္ထဝင်ဟောင်းတစ်ဦးမဖြစ်လာခင် ယူနိုက်တက်စတားဟောင်း ဝိန်းရွန်းနီက သူ့အနေနဲ့ အင်္ဂလန်အသင်းအစား အခြားတစ်နိုင်ငံမှာ ကစားဖို့နီးစပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အံ့အားသင့်ဖွယ်ရာ ရွန်းနီက သူ့အနေနဲ့ အဲဗာတန်အသင်းဖော် လီကာစလေနဲ့စကားပြောဆိုခဲ့ပြီးနောက် အိုင်ယာလန်နိုင်ငံအတွက်ကစားပေးဖို့ နီးစပ်ခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်စတားဟောင်းဟာ အိုင်းရစ်လူမျိုးစပ်တစ်ဦးဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တုန်းက အဆိုပါနိုင်ငံအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းမှာ ဆယ်ကျော်သက်အရွယ်နဲ့အတူ တောက်ပလာခဲ့တဲ့ ရွန်းနီဟာ အသက် ၁၆ နှစ်အရွယ်မှာတင် အာဆင်နယ်ကိုအနိုင်ကန်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့စင်မြင်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။
အဆိုပါစွမ်းဆောင်ရည်ကြောင့် အိုင်ယာလန်အသင်းက ချဉ်းကပ်ခဲ့သေးတာဖြစ်ပြီး နောက်ပိုင်းမှာမှ အင်္ဂလန်အသင်းဂန္ထဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဝိန်းရွန်းနီ

၂၀၀၃ ခုနှစ် အသက် ၁၇ နှစ်အရွယ်မှာတင် အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီးနောက် အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သလို ၂၀၂၃ မှာ ဟယ်ရီကိန်းတစ်ယောက် စံချိန်ကိုမကျော်ဖြတ်နိုင်ခင် ရွန်းနီက အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၅၃ ဂိုးနဲ့ရပ်တည်ခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ဝိန်းက “ကျွန်တော် အိုင်ယာလန်ကိုပြောင်းဖို့ တော်တော်လေးနီးစပ်ခဲ့တာပါ။ လီကာစလေနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့နောက် မက္ကာသီနဲ့လည်းပြောဖြစ်ခဲ့ပြီး အိုင်ယာလန်ယူ – ၂၁ အသင်းကတောင် ခေါ်ယူခဲ့ပါတယ်။ ကျွန်တော်ကြိုက်ခဲ့ပါတယ်။ 
ဒါပေမဲ့ အိုင်ယာလန်အသင်းကိုယ်စားပြုတော့ မကစားခဲ့ရပါဘူး။ အဲ့နောက် အင်္ဂလန်အတွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အိုင်ယာလန်သာ စီနီယာအသင်းအတွက်ခေါ်ယူခဲ့မယ်ဆိုရင် ကျွန်တော် အဲ့မှာပြောင်းကစားလာနိုင်ချေရှိခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ရွန်းနီဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲထွက်အများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ၁၂၀ ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။

ဒါပေမဲ့ ကိန်းက ကျော်ဖြတ်ခဲ့ပြီဖြစ်တာကြောင့် ဒုတိယနေရာဆင်းခဲ့ရပေမဲ့ မက်ဆီဒိုးနီးယားနဲ့ပွဲက သွင်းဂိုးကြောင့် လက်ရှိအချိန်အထိ အင်္ဂလန်အသင်းရဲ့သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းရှင်အဖြစ်တော့ ရပ်တည်နေဆဲဖြစ်ပါတယ်။

Source : fourfourtwo.com

Leave a Reply

Your email address will not be published. Required fields are marked *