ချဲလ်ဆီး အပေါ် ဝေဖန်သွားတဲ့ အီယန်ရိုက်

ချဲလ်ဆီး အပေါ် ဝေဖန်သွားတဲ့ အီယန်ရိုက်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်းကို ၀ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဖွင့်မလှဘူးဆိုပေမဲ့ ကစားပုံအရ ကောင်းကွက်တချို့ ရှိခဲ့ပြီး ၊ နည်းပြသစ် အန်ဇို မာရက်စ်ကာ အနေနဲ့လာမဲ့ ပွဲတွေမှာ နိုင်ပွဲတွေ စတင်ရယူဖို့လိုနေပါတယ်။

ကလပ် အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် ဒဏ်ရာက ပြန်မကောင်းလာသေးလို့ ၊ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ချဲလ်ဆီး ကစားသမားဘဝ ပထမဆုံးအကြိမ် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။

ချဲလ်ဆီး အပေါ် ဝေဖန်သွားတဲ့ အီယန်ရိုက်

အန်ဇိုဟာ ပွဲအတွင်း ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှု တချို့ လုပ်ပြနိုင်ခဲ့ပေမဲ့ ၊ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကြိုးစား အားထုတ်မှုတွေ ၊ ဦးဆောင်ညွှန်ကြားမှုတွေ မလုပ်ပြနိုင်ခဲ့သလို ၊ ပေးခဲ့ရတဲ့ ဒုတိယဂိုးမှာလည်း မန်စီးတီး ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ် ဂန္ထတဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ကိုပါအမေရိက ကိစ္စရှိခဲ့ဖူးတဲ့ကြားက အန်ဇိုကို အသင်းခေါင်းဆောင် တာဝန်ပေးလိုက်တဲ့ ချဲလ်ဆီး အပေါ်ဝေဖန်ရင်း ၊ ၎င်းဟာ ခေါင်းဆောင်လက်ပတ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး အခုအချိန်အထိ မပြသထားသေးဘူးလို့လည်း ထောက်ပြသွားပါတယ်။

Wright’s House Podcast မှာ ရိုက် က “ချဲလ်ဆီးရာ ။ Oh my god! ခင်ဗျားတို့ ကိုယ့်ကိုယ်ကို ပြန်ပြင်ကြပါ။ သူတို့ ဘာတွေ လုပ်နေတာလဲ? ဒီလူက အသင်းခေါင်းဆောင်နဲ့ ထိုက်တန်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကရှက်စရာကောင်းပါတယ်”

“ကျွန်တော် ဒီအကြောင်း ခဏလောက် ပြောလို့ရမလား? သူ ချဲလ်ဆီးကို ရောက်လာကတည်းက ပြသထားတဲ့ စွမ်းဆောင်ရည်ပေါ့။ ဟုတ်ပါတယ်။ ကမ္ဘာ့ဖလားမှာ သူလုပ်ပြခဲ့တာတွေက ပြောင်မြောက်တယ်လို့ ခင်ဗျားတို့ ပြောရပါမယ်”

“ချဲလ်ဆီး အတွက်တော့ သူဟာ တစ်ကြိမ်တစ်ခါမှ အားမာန်အပြည့်နဲ့ကစားတာ ကျွန်တော် မတွေ့ခဲ့ရလို့ ၊ ဒီလူကတစ်နေ့မှာ ချဲလ်ဆီးအသင်းခေါင်းဆောင် တစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော်မထင်ခဲ့တာပါ။ သူဟာ အသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနေပါဘူး”

ချဲလ်ဆီး အပေါ် ဝေဖန်သွားတဲ့ အီယန်ရိုက်

“ကိုပါအမေရိကတုန်းက လူမျိုးရေးခွဲခြားမှု အရှုပ်တော်ပုံကိစ္စ မတိုင်ခင်ကတည်းက ဒီလူဟာ ဒီကလပ်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ဖို့ လုံလောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေတစ်ခုမှ မပြသထားခဲ့ပါဘူး။ ဒါတောင် သူတို့က သူ့ကိုအသင်းခေါင်းဆောက် ရာထူးပေးလိုက်တာလား?”

”ဒါက ခင်ဗျား ချဲလ်ဆီးနဲ့ ပတ်သက်ပြီး သိဖို့လိုတဲ့အရာတိုင်းကို ကျွန်တော့်ကို ပြောပြနေတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Source : metro.co.uck

#xda77 #xda77digital

Leave a Reply

Your email address will not be published. Required fields are marked *