တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ ILLIT ၏ ပွဲဦးထွက်သီချင်း Magnetic သည် YouTube ပလက်ဖောင်းတွင် တရားဝင်ကြည့်ရှုမှု သန်း(၂၀၀)ကျော်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
Belift Lab ကုမ္ပဏီ၏အဆိုအရ ILLIT အဖွဲ့၏ ပထမဆုံး မီနီအယ်လ်ဘမ် ‘Super Real Me’ ၏ ခေါင်း စဉ်သီချင်းဖြစ်သော Magnetic အတွက် MV သည် ဖေဖော်ဝါရီလ(၁၇)ရက် YouTube ပလက်ဖောင်းတွင် ကြည့်ရှုမှုသန်း(၂၀၀)ကျော်သွားခဲ့ပြီဖြစ်သည်။
အဆိုပါသီချင်းတွင် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကိုဆွဲဆောင်ထားသည့် အကလှုပ်ရှားမှုများနှင့် အတူ ILLIT အဖွဲ့ဝင်များ၏ ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းပြကွက်များကို ရိုက်ကူးပြသထားသည်။ (၂၀၂၃)ခုနှစ် မတ်လ(၂၅)ရက်တွင် စတင်ထွက်ရှိလာပြီးနောက်ပိုင်းတည်းက “Magnetic” သီချင်းသည် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကြားတွင် ရေပန်းစားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သီချင်းသည် ပြည်တွင်းတေးဂီတဇယားများကို လွှမ်းမိုးထားရုံသာမက Billboard Hot (၁၀၀) နှင့် UK Official Singles Chart Top (၁၀၀)တို့ကို ဝင်ရောက်ခဲ့သည့် ပထမဆုံးနှင့် အမြန်ဆုံး K-pop ပွဲ ဦးထွက်သီချင်းအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ‘‘Magnetic” သီချင်း သည် Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှုသန်း (၅၄၀) ကျော်အထိ ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Source : allkpop.com