‘ကိုမို’နှင့်’အေစီမီလန်’တို့ရဲ့စီးရီးအေပွဲကို ဩစတြေးလျတွင်ကစားရန် စီစဉ်ခြင်းအပေါ် သဘောကျခြင်းမရှိနေတဲ့ ဖာဘရီဂက်စ်

ဖာဘရီဂက်စ်

ကိုမိုနည်းပြ ကက်စ် ဖာဘရီဂတ်စ်ဟာ သူ့အသင်းရဲ့ အေစီမီလန် နဲ့ကစားမဲ့ စီးရီးအေပွဲကို ဩစတြေးလျသို့ ပြောင်းရွှေ့ဖို့ စီစဉ်မှုအပေါ် သဘောကျခြင်း မရှိပါဘူး။ မကြာသေးခင်က ဖက်ဒရယ်ကောင်စီဟာ ပွဲစဉ်တစ်ခုကို ဩစတြေးလျမှာ ကစားဖို့ မီးစိမ်းပြခဲ့ပြီး အဲဒီအချိန်က ဆန်စီရိုမှာ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနား ကျင်းပနေမှာဖြစ်တဲ့အတွက် ကိုမိုနဲ့ မီလန်တို့ရဲ့ပွဲကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

'ကိုမို'နှင့်'အေစီမီလန်'တို့ရဲ့စီးရီးအေပွဲ

ပြည်ပမှာ အသင်းတွေရဲ့ အမှတ်ပေးလိဂ်ပွဲစဉ်တွေကိုကျင်းပဖို့ စီစဉ်တာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက စီးရီးအေပွဲစဉ်တစ်ခုကို တခြားနိုင်ငံကိုသာမက တခြားတိုက်ကြီးတစ်ခုကိုပါ ပထမဆုံးအကြိမ် ပြောင်းရွှေ့ကျင်းပခြင်း ဖြစ်လာပါလိမ့်မယ်။ သို့သော်လည်း ဖာဘရီဂတ်စ်က ဩစတြေးလျကို ခရီးရှည်သွားရမဲ့အပေါ် မကျေမနပ်ဖြစ်နေပြီး အဲဒီခရီးစဉ်ရဲ့ ရှေ့နဲ့နောက်မှာ အရေးကြီးတဲ့ စီးရီးအေပွဲစဉ်တွေ ရှိနေတာကိုလည်း ထောက်ပြခဲ့ပါတယ်။

သူက သတင်းထောက်တွေကို “ဒါက ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ကိစ္စတစ်ခုပါ။ အဲဒါက အကုန်လုံးကို ပြောပြနေပါတယ်။ ဒီလိုဆိုရင် ပရိသတ်တွေက ဘောလုံးကို မခံစားရနိုင်တော့ဘူး။ ကျွန်တော်တို့မှာ ဖီအိုရင်တီးနား နဲ့ အရင်ကစားရမယ် ပြီးရင် အတ္တလန္တာနဲ့ ဆက်ကစားရမယ်။ ဒါက လုပ်သင့်တဲ့ကိစ္စလို့ မထင်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ အရမ်းအာရုံမစိုက်သေးပါဘူး။ ကလပ်က ဒီကိစ္စကို ကိုင်တွယ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကိုမိုဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေကို ပြန်လည်ရောက်ရှိပြီးနောက် အဆင့် ၁၀ နေရာ ရပ်တည်ခဲ့ကာ အပြောင်းအရွှေ့ဈေးကွက်မှာ အလွန်တက်ကြွခဲ့ပါတယ်။ ဒီနွေရာသီမှာ ဖာဘရီဂတ်စ်က ဂျီးဆပ်စ် ရိုဒရီဂွက်ဇ် ၊ မာတင် ဘာတူရီနာ ၊ နီကိုးလပ်စ် ကွန်း နဲ့ ဂျေဒင် အက်ဒိုင်း တို့ကို ခေါ်ယူခဲ့ပြီး မက်ဇီမက်စ် ပီရိုနီကိုလည်း အပြီးသတ်ခေါ်ယူမှု လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖာဘရီဂတ်စ်က သူတို့မှာ တိုက်စစ်မှူးတစ်ဦးနဲ့ ဗဟိုခံစစ်သမားနှစ်ဦး လိုအပ်နေသေးကြောင်း ဝန်ခံခဲ့ပါတယ်။

Source : uk.sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *