တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော် တေးရေးဆရာ IU ဟာ သူမ အနုပညာလမ်းကြောင်းပေါ် ပွဲဦး ထွက်ခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပရိသတ် fandom အမည်နဲ့ အလှူပြုလုပ်ပေးခဲ့ပါတယ်။
စက်တင်ဘာလ ၁၈ ရက်က EDAM Entertainment မှ ဖော်ပြချက်အရ IU ဟာ သူမရဲ့ fandom UAENA နဲ့ ပေါင်းပြီး “IUENA” အမည်နဲ့ စုစုပေါင်း ဝမ် သန်း ၂၀၀ (ဒေါ်လာ ၁၄၆,၀၀၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လှူဒါန်းမှုကို Korea Foundation for Persons with Disabilities, Make-A-Wish Korea, the Heart to Heart Foundation နဲ့ Korea Senior Citizens Support Foundation ကို အညီအမျှ ခွဲဝေပေးသွားမှာဖြစ်တဲ့အတွက် ဖောင်ဒေးရှင်းတစ်ခုစီဟာ ဝမ် သန်း ၅၀ (ဒေါ်လာ ၃၆,၀၀၀ ခန့်) ရရှိမယ်လို့ သိရပါတယ်။
အလှူငွေတွေဟာ ပြင်းထန်ဖျားနာ ခံစားနေရတဲ့ ကလေးတွေ၊ မသန်စွမ်းသူတွေ၊ တစ်ယောက်တည်း နေထိုင်နေရတဲ့ သက်ကြီးရွယ်အို တွေကို ပံ့ပိုးကူညီမှုပေးနိုင်မှာဖြစ်ပါတယ်။ IU ဟာ သူမရဲ့ပွဲဦးထွက်နှစ်ပတ်လည်နေ့၊ မွေးနေ့နဲ့ အခြား အထူးအချိန်အခါတွေမှာလည်း IUENA အမည်နဲ့ အလှူငွေတွေ အမြဲမပြတ် လှူဒါန်းလေ့ ရှိပါတယ်။
ယခုနှစ်အစောပိုင်းမှာတင် သူမက ဂျောင်ဆန်ဒေသရှိ တောမီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီဖို့နဲ့ မီးသတ်သမားတွေအတွက် ဝမ်သန်း ၂ဝဝ၊ မေလကလည်း ကလေးများနေ့အထိမ်းအမှတ်အဖြစ် KRW သန်း ၁၅ဝ၊ အဲဒီနောက် ဆင်းရဲနွမ်းပါး အသိုင်းအဝန်းတွေကို ကူညီဖို့အတွက် နောက်ထပ် ဝမ် သန်း ၂ဝဝ ကို လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။
Source : https://www.koreatimes.co.kr/