တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ IVE ရဲ့ “After LIKE” သီချင်းဟာ YouTube မှာ ကြည့်ရှုသူသန်း (၃၀၀)ကျော်သွားခဲ့ပြီးတော့ မှတ်တိုင်အသစ်တစ်ခုကို ရရှိခဲ့ပါတယ်။
ဒီလိုအောင်မြင်မှုကို Starship Entertainment ကုမ္ပဏီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၃)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ Starship Entertainment ကုမ္ပဏီက “(၂၀၂၂)ခုနှစ် ဩဂုတ်လ(၂၂)ရက်မှာ ထွက်ရှိခဲ့တဲ့ IVE အဖွဲ့ရဲ့ ‘After LIKE’ သီချင်းဟာ YouTube ပလက်ဖောင်းမှာ ကြည့်ရှုမှုသန်း(၃၀၀)ကျော်သွားခဲ့ပါပြီ“လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
‘After LIKE’ သီချင်းဟာ EDM၊ ပေါ့ပ်တို့နဲ့ ရောစပ်ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး သီချင်းထွက်ရှိပြီးနောက် Melon ၊ Genie ၊ Bugs ၊ Flo ၊ Vibe ၊ Spotify Korea နဲ့ YouTube Music Korea ပလက်ဖောင်းတို့မှာ Perfect All-Kill (PAK)ဆိုတဲ့ အောင်မြင်မှုကို ရရှိခဲ့တာဖြစ်တဲ့အပြင် IVE ရဲ့ “After LIKE”သီချင်းက ဂီတရှိုးအမျိုးမျိုးမှာ ဆုပေါင်း(၁၄)ဆုကို ရယူနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
“After LIKE”သီချင်းဟာ Billboard ရဲ့ ‘Global 200’ ဇယားမှာ အဆင့်(၂၀)နေရာနဲ့ သီတင်းပတ်(၁၇)ပတ်ကြာ အဆင့်ဝင်ခဲ့ပြီး ‘Global Excl. U.S.’ဇယားမှာတော့ အဆင့်(၉)နေရာနဲ့ သီတင်းပတ်(၂၅)ပတ်ကြာ အဆင့်ဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကာလများအတွင်း IVE အဖွဲ့ဟာ နိုင်ငံပေါင်း(၁၉)နိုင်ငံရှိ မြို့ပေါင်း(၂၈)မြို့တွင် ရှိုးပွဲ(၃၇)ပွဲနဲ့အတူ ၎င်းတို့ရဲ့ (၂၀၂၃)ခုနှစ် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာ IVE အဖွဲ့က (၂၀၂၄)ခုနှစ် ဇန်နဝါရီလမှာ ၎င်းတို့ရဲ့ comeback အတွက် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိနေပါတယ်။
#IVE #AfterLike #YouTube #ကြည့်ရှုမှုသန်း(၃၀၀) #StarshipEntertainment #ဆုပေါင်း(၁၄)ဆု #Billboard #Global200
Source: soompi.com