‌ပေါ်တိုအသင်းထံ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ‘ခီဗီယော’

ပေါ်တိုအသင်းထံ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ 'ခီဗီယော'

အာဆင်နယ်အသင်းဟာ လေဗာကူဆင်နောက်ခံလူ အင်ကာပီယေကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် နောက်ခံလူ ခီဗီယောကို ပေါ်တိုအသင်းထံ လက်လွှတ်ခဲ့ပြီဖြစ်ပါတယ်။

အေဘိုလာသတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ ခီဗီယောကို ပေါ်တိုအသင်းထံ ပေါင် ၂၃ သန်းနဲ့ရောင်းထုတ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဗဟိုခံစစ်အပြင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်တာဖြစ်ပြီး ပေါ်တူဂီမြေကိုပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဘက်က လေဗာကူဆင်စတားကိုခေါ်ယူနိုင်ဖို့ သေချာတော့မှ ပိုလန်သားကို လက်လွှတ်မှာဖြစ်ပါတယ်။ အာတီတာဘက်ကလည်း ခီဗီယောနေရာမှာအစားထိုးဖို့ ကစားသမားမရသေးပဲ လက်မလွှတ်ချင်ဖြစ်နေပါတယ်။ အသက် ၂၃ နှစ်သားဟာ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းအတွက် ပိုအင်အားတောင့်တင်းလာစေမှာဖြစ်ပြီး ပေါ်တိုဘက်က ကနဦးတုန်းက ယူထရက်ချ်ဘယ်နောက်ခံလူ အယ်လ်-ကာရာအူနီအစား ခီဗီယောကိုသာ ဦးစားပေးခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့က မကြာခင်မှာ ပိတ်သိမ်းတော့မှာဖြစ်ပြီး အာဆင်နယ်ဘက်က အင်ကာပီယေအပြောင်းအရွှေ့နီးစပ်နေပြီဖြစ်တာကြောင့် ခီဗီယောကို လက်လွှတ်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အင်ကာပီယေကို ကနဦးအငှား + ပေါင်သန်း ၅၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ ညှိနှိုင်းထားပါတယ်။ ပိုလန်သားထွက်ခွာခဲ့ပြီဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ အီကွေဒေါသားကို သိပ်မကြာခင်မှာ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *