ဂျက်ဖရီ အက်ပ်စတိန်းဆီမှာ အဝတ်အစား မလုံမလဲနဲ့ အမျိုးသမီးငယ်လေးတွေရဲ့ ဗီဒီယိုတွေ အများကြီး ရှိခဲ့တာပါ။ အခုတော့ ကာမသွေးဆောင်သူကြီးရဲ့ ဖောက်ပြန်တဲ့ လောကထဲကို ကျွန်တော်တို့ တစ်စေ့တစ်စောင်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် တရားရေးဌာန (DOJ) ရဲ့ အဆိုအရတော့ ဒီဗီဒီယိုတွေထဲက ဘယ်အရာကမှ ရာဇဝတ်မှု မမြောက်ဘူးလို့ သိရပါတယ်။
မကြာသေးခင်ကမှ DOJ ကနေ အသေးစိတ်တွေကို ဖုံးကွယ်ထားတဲ့ ဗီဒီယိုပေါင်း ၂,၀၀၀ ခန့်ကို အက်ပ်စတိန်း ဖိုင်တွဲတွေရဲ့ နောက်ဆုံးထုတ်ပြန်ချက်အနေနဲ့ ထုတ်ပေးခဲ့တာပါ။ အဲဒီထဲမှာ သားကောင်ဖြစ်ခဲ့ရသူတချို့ကို အတွင်းခံတွေနဲ့ မြင်တွေ့ရပေမဲ့ အက်ပ်စတိန်း ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်က သူတို့ကို ထိတွေ့တာမျိုး ဒါမှမဟုတ် တစ်ခုခု ပြုလုပ်တာမျိုးကိုတော့ ဘယ်နေရာမှာမှ မတွေ့ရပါဘူး။
တရားရေးဌာနကနေ သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ကာကွယ်ဖို့အတွက် မျက်နှာတွေကို ဖုံးကွယ်ထားတဲ့ အမျိုးသမီးတွေရဲ့ ဗီဒီယို စုစည်းမှုကို ကြည့်ကြည့်ပါ။ သူတို့ထဲက အများစုဟာ ပုံစံအမျိုးမျိုးနဲ့ ပို့စ်ပေးနေကြတာ ဒါမှမဟုတ် ရမ်းဝေး (runway) ပေါ်မှာ လမ်းလျှောက်နေတဲ့ မော်ဒယ်လ်တွေလိုမျိုး လုပ်ပြနေကြတာပါ။
အက်ပ်စတိန်းရဲ့ နာမည်ဆိုးနဲ့ ယှဉ်ကြည့်ရင် စိုးရိမ်စရာ အကြောင်းရင်းကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ဖက်ဒရယ် အာဏာပိုင်တွေကတော့ ဒီဗီဒီယိုတွေထဲမှာ ရာဇဝတ်မှု ကျူးလွန်ထားတာ မရှိဘူးလို့ ပြောပါတယ်။ ၂၀၂၅ ခုနှစ်က မှတ်တမ်းတစ်ခုမှာ အက်ဖ်ဘီအိုင် (FBI) အေးဂျင့်တစ်ယောက်က အက်ပ်စတိန်းရဲ့ နယူးယောက်နဲ့ ပမ်းဘိချ် (Palm Beach) က နေအိမ်တွေမှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေထဲကနေ ဒီဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းခဲ့တာလို့ ရေးသားထားပါတယ်။
အကြောင်းအရာ အားလုံးကို ပြန်လည်စစ်ဆေးပြီးတဲ့နောက်မှာတော့ အဲဒီ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေထဲမှာ အမျိုးသမီးတွေ အလွဲသုံးစားလုပ်ခံရတဲ့ အထောက်အထား မတွေ့ရဘူးလို့ FBI က ဆိုပါတယ်။ သူတို့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အမှုစစ်ဆေးနေတဲ့ FBI အေးဂျင့်ကတော့ အမျိုးသမီးတချို့ဟာ ဆယ်ကျော်သက်အရွယ် နှောင်းပိုင်းတွေ ဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။
ဒီလအစောပိုင်းမှာ ဒုတိယ ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် ကလည်း အက်ပ်စတိန်း ဖိုင်တွဲတွေနဲ့ ပတ်သက်ပြီး အလားတူပဲ ပြောဆိုခဲ့ပါတယ်။ သူက CNN ရဲ့ ဒါနာ ဘက်ရှ် ကို ပြောရာမှာ “အက်ပ်စတိန်း ဖိုင်တွဲတွေကို DOJ က စစ်ဆေးခဲ့ပြီးပါပြီ၊ အဲဒီထဲမှာ တစ်စုံတစ်ယောက်ကို တရားစွဲဆိုဖို့ ခိုင်လုံတဲ့ အထောက်အထား ဘာမှမရှိပါဘူး” လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဘလန့်ချ်နဲ့ DOJ ရဲ့ ပြောကြားချက်ကို တခြားသူ အားလုံးနီးပါးက သဘောမတူကြပါဘူး။ အက်ပ်စတိန်းရဲ့ ကြံရာပါလို့ ယူဆရသူတွေ အားလုံးကို တရားစွဲဆိုပြီး ထောင်ချသင့်တယ်လို့ ယုံကြည်နေကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း အက်ပ်စတိန်းရဲ့ ကြံရာပါ ဂစ်လိန်း မက်စ်ဝဲလ် ဟာ အရွယ်မရောက်သေးသူတွေကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ဖို့ အက်ပ်စတိန်းနဲ့ ပူးပေါင်းကြံစည်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရတဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာ ဖက်ဒရယ် အကျဉ်းထောင်တစ်ခုထဲမှာ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရပါတယ်။
Source : https://www.tmz.com/




