BLACKPINK အဖွဲ့ဝင် ဂျင်းနီ Single song “Mantra” နဲ့ UK Official Singles Chart မှာ အမြင့်ဆုံးအဆင့်ရရှိ

BLACKPINK အဖွဲ့ဝင် ဂျင်းနီ

BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီ United Kingdom Official Singles Chart မှာ Rank အမြင့်ဆုံး ရရှိတဲ့ အမျိုးသမီး K Pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်က UK Official Singld Charts မှာ ဂျင်းနီရဲ့ မကြာသေးခင်က ထွက်ရှိ တဲ့ single Song “Mantra” ဟာ နံပါတ် ၃၇ နေရာကို ရရှိထားပါတယ်။ ဒါဟာ အရင်နှစ်က Blackpink အဖွဲ့ဝင် ဂျီဆိုးရဲ့တစ်ကိုယ်တော် ပွဲဦးထွက်သီချင်း “FLOWER” ရဲ့ စံချိန် Rank နံပါတ် ၃၈ ကို ကျော်လွန်ခဲ့ပြီး Official Singles Chart မှာ Rank အမြင့်ဆုံး အမျိုးသမီး K-pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။

ဒါအပြင် “Mantra” ဟာ ယခုသီတင်းပတ် အတွင်းမှာပဲ Official Singles Downloads Chart မှာ Rank နံပါတ် ၃ နေရာကို ရရှိခဲ့ပါတယ်။ Blackpink အဖွဲ့ဟာ YG Entertainment အောက်မှာ အဖွဲ့လိုက် သီချင်း အယ်လ်ဘမ် ထွက်ရှိတာမျိုး တွေ့လာရခြင်း မရှိသေးပေမဲ့ Blackpink member တစ်ယောက်ချင်းစီရဲ့ Solo comeback တွေ ကတော့ ခပ်စိတ်စိတ် ထွက်လာနေတာတွေ့ရပါတယ်။

JENNIE – Mantra (Official Music Video)

Source : pinkvilla.com

#xda77 #xda77digital #ဂျင်းနီ #BLACKPINK #Mantra

Leave a Reply

Your email address will not be published. Required fields are marked *