တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်

တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ အေဂျင်စီမှ နုတ်ထွက်

တောင်ကိုရီးယား အဆိုတော် ဂျက်ဆီဟာ ပရိသတ်တစ်ဦးကို အကြမ်းဖက်တယ်လို့ ယူဆရတဲ့ CCTV ဗွီဒီယိုတစ်ခုထွက်ပေါ်လာပြီးနောက် သူမရဲ့အေဂျင်စီဖြစ်တဲ့ DOD မှ နုတ်ထွက်ခဲ့ပါတယ်။

“မကြာသေးမီက အဖြစ်အပျက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ထပ်ပြီးတောင်းပန်ချင်ပါတယ်။ သူမရဲ့ အနာဂတ်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သေချာစဉ်းစား ဆွေးနွေးပြီးနောက်၊ ဂျက်ဆီရဲ့ တောင်းဆိုချက်အရ အောက်တိုဘာလ ၁၈ ရက်ကစပြီး သူမနဲ့ စာချုပ်ကို ရပ်စဲဖို့ နှစ်ဦးနှစ်ဖက်သဘောတူခဲ့ပါတယ်”လို့ အေဂျင်စီက သောကြာနေ့ (အောက်တိုဘာလ ၁၈ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂၉ ရက်က ဘားတစ်ခုမှာ အသက် ၁၈ နှစ်အရွယ် ဂျက်ဆီရဲ့ အမာခံ ပရိသတ်တစ်ဦးဟာ ဂျက်ဆီနဲ့ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဂျက်ဆီက အခြားကိစ္စရပ်တွေကြောင့် အဆိုပါတောင်းဆိုမှုကို ငြင်းခဲ့ပြီး လှည့်အထွက်မှာ အခြားအမျိုးသားတစ်ဦးက အင်္ဂလိပ်လိုဆဲဆိုပြီး အဆိုပါ ပရိသတ်ကို ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် အဆိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ ဂျက်ဆီနဲ့ ပတ်သက်မှု ရှိနေလားဆိုတာ ရဲတပ်ဖွဲ့က နာရီများစွာကြာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဂျက်ဆီကတော့ အဆိုပါအမျိုးသားကို မသိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်သူဟာ ဘယ်သူဆိုတာ အတိအကျ မသိရသေးပါဘူး။

ဂျက်ဆီဟာ ၂၀၁၃ ခုနှစ်ကလည်း ဆိုးလ်မြို့လယ် အီတေးဝန်ရှိ ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်မှုနဲ့ ရဲတိုင်ကြားခံခဲ့ရဖူးပါတယ်။

Source : koreajoongangdaily.joins.com

#xda77 #xda77digital #ဂျက်ဆီ #အမျိုးသမီးအဆိုတော်

Leave a Reply

Your email address will not be published. Required fields are marked *